Unicode
ညသည် တိတ်ဆိတ်လျက်...သန်းခေါင်ကျော်အချိန်ဖြစ်၍ နန်းတော်ထဲတွင် လှည့်လည်နေသော ရဲမက်များသာ ရှိပြီး လူသံများ မကြားရလောက်အောင် တိတ်ဆိတ်နေလေသည်...နန်းတော်အစွန်က ချယ်ရီပင်အောက်တွင် လွန်စွာ ချောမောကြည့်ကောင်းသော ယောကျ်ားတစ်ယောက် ရပ်စောင့်နေလေသည်...သူ့မျက်နှာတွင် ပူပန်ခြင်း တစ်ချို့ရှိနေလေသည်...သိပ်မကြာခင်မှာပဲ ခေါင်းဆောင်းပဝါအုပ်ထားသော မိန်းကလေးတစ်ယောက် ရောက်လာလေသည်...ထိုမိန်းကလေးက ခေါင်းဆောင်းပဝါကို လှန်လိုက်ချိန်မှာတော့ လှပချောမောသော မျက်နှာလေး ထွက်ပေါ်လာလေသည်...
'ရှောင်ကျဲ...'
ထိုမိန်းကလေးမှာ တခြားသူ မဟုတ်...ချင်နိုင်ငံရဲ့ မိဖုရား ရှောင်မီ ပင်...ချယ်ရီပင်အောက်မှာ ရပ်စောင့်နေတဲ့သူကတော့ ချင်ဘုရင်ရဲ့ ညီတော် ဝမ်ယု ဖြစ်သည်...
'အားယု...'
'ကျဲရယ်...စာပို့ထားတာ အရေးကြီးတယ်ဆိုလို့ စိတ်ပူနေတာ...ဘာလို့ ကျွန်တော့်ကို တွေ့ချင်တာလဲ ဒီအချိန်ကြီးကျမှ'
ရှောင်မီက တခဏတာ တွန့်ဆုတ်နေပြီးမှ
'အားယု...မင်းကို ကျဲ အကူအညီတောင်းစရာလေး ရှိလို့ပါ'
အကိုတော်ကိုတောင် ကျော်ပြီး သူ့ဆီက အကူအညီကို ယူချင်တာဆိုတော့ ဝမ်ယု အနည်းငယ် စဥ်းစားသွားရသည်...ဒါပေမဲ့လဲ ရှောင်ကျဲကို ဘာကိစ္စပဲ ရှိရှိ သူက ကူညီပေးနေမှာပဲ...
'ပြောလေ ရှောင်ကျဲ...ကျွန်တော် ဘာလုပ်ပေးရမလဲ'
'ကျဲကို မင်နိုင်ငံကို ပို့ပေးပါ...'
'ရှောင်ကျဲ...ဒါက မဖြစ်နိုင်ဘူးလေဗျာ...အကိုတော် ခွင့်ပြုမှာ မဟုတ်ဘူး...ပြီးတော့ အဲ့ဒီမှာ နိုင်ငံရေး အခြေအနေတွေ ရှုပ်ထွေးနေတာလို့ ကြားတယ်'
'မင်း အကိုက ခွင့်ပြုမှာ မဟုတ်လို့ မင်းကို အကူအညီ တောင်းနေရတာပေါ့...အားယုရယ် ကျဲကို ကူညီပေးပါနော်...ဒီနန်းတော်ထဲမှာ မင်းတစ်ယောက်ပဲ ဒီလို လုပ်ပေးနိုင်မှာ'
'မဟုတ်သေးပါဘူး ကျဲရာ...အကိုတော် စိတ်ဆိုးလိမ့်မယ်ဗျ...'
'ကျဲက ချင်နိုင်ငံရဲ့ မိဖုရားတစ်ပါးဖြစ်နေပေမဲ့လဲ မင်နိုင်ငံရဲ့ မင်းသမီးပါ...ကျဲ နိုင်ငံမှာ တစ်ခုခုဖြစ်နေပြီဆိုတာ ကျဲ သိတယ်...ကျဲ ပြန်မှ ဖြစ်မယ်'

VOUS LISEZ
ခေတ်သစ် ဧကရီ 👑
Fantasyမီရာ ဆိုတဲ့ ဆေးကျောင်းသူလေးဟာ မထင်မှတ်တဲ့ မတော်တဆမှုတစ်ခုကနေပြီးတော့ ရှေးခေတ်ကို ပြန်ရောက်သွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ... မီရာ ဆိုတဲ့ ဆေးကျောင်းသူလေးဟာ မထင်မှတ်တဲ့ မတော်တဆမှုတစ်ခုကနေပြီးတော့ ရှေးခေတ်ကို ပြန်ရောက်သွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆို...