Unicode
နန်းတော်အပြင်ထွက်ဖို့အတွက် ဟန်ယုနဲ့ ရှောင်မီ နှစ်ယောက်စလုံး ပေါ့ပေါ့ပါးပါး ဝတ်ဆင်လိုက်ကြသည်...ရှောင်မီကတော့ ထုံးစံအတိုင်း အဖြူရောင်ပဝါအရှည်ကြီး ပါတဲ့ ခေါင်းဆောင်းကို ဆောင်းထားတယ်...သိပ်ပြီး ကြီးကြီးကျယ်ကျယ်မဖြစ်စေချင်တာကြောင့် ကိုယ်ရံတော် ချင်းရှန်တစ်ယောက်ကိုပဲ ခေါ်လာခဲ့သည်...ပြောရမယ်ဆို ရှောင်မီနဲ့ ဟန်ယု နှစ်ယောက်အတူတူ အပြင်ထွက်လည်ဖူးတာ ဒါ ပထမဆုံးပင်...ရှောင်မီကတော့ စျေးထဲ ရောက်တာနဲ့ ဟန်ယုလက်ကို ဆွဲလို့ ဟိုဆိုင် ဒီဆိုင် လျှောက်ပြေးနေတော့တာပဲ...
တစ်နေကုန်လျှောက်လည်အပြီးမှာတော့ ရှောင်မီလဲ ခြေထောက်ညောင်းပြီး ဗိုက်လဲ ဆာလာပြီပေါ့...အဲ့တော့ လမ်းလျှောက်နေရာကနေ ရပ်ပြီး ဟန်ယုကို ချွဲတဲ့အသံပိစိကလေးနဲ့ ပြောလိုက်တယ်...
'ဟန်ကော...မီအာ ခြေထောက်တွေ နာလာပြီ...ဗိုက်လဲ ဆာနေပြီ...'
ဟန်ယုက လမ်းလျှောက်နေရာမှ ရပ်လိုက်ပြီး ရှောင်မီဆီကို ပြန်လှည့်လာတယ်...ပြီးတော့ ခေါင်းလေးကို အသာပုတ်ပေးပြီး နူးညံ့စွာကြည့်ရင်း ပြောတယ်...
'ကိုယ်တော့်ရဲ့ ပေါင်ပေ့လေးက ဗိုက်ဆာနေပြီလား...ဒါဆို နန်းတော်ကို ပြန်ကြရအောင်လေ...စျေးထဲက အစားအသောက်တွေ မီအာ့ကို မကျွေးချင်လို့...´
'ဟင်...မီအာက ဟိုဆိုင်က အသားစွတ်ပြုတ်လေး သောက်ချင်နေတာကို...´
'လိမ်မာနော် မီအာ...ကိုယ် မီအာ့အကြိုက်ဟင်းတွေ စားတော်ကဲကို ပြောပြီး ပြင်ခိုင်းထားတယ်...´
'ဟင့်အင်း မရဘူး...´
ပြောလို့ရမယ့်ပုံ မပေါ်တဲ့ မီအာကြောင့် ဟန်ယုက အခက်တွေ့သွားရတယ်...အကူအညီများ ရမလားဆိုပြီး ချန်ရှင်းကို လှမ်းကြည့်မိတော့လဲ အားကိုးရတဲ့ ကိုယ်ရံတော်ခေါင်းဆောင်ကြီးက သူ့ကို လာမကြည့်နဲ့ဆိုတဲ့ ပုံစံနဲ့ သူ့ကို မျက်နှာလွှဲထားလေရဲ့...မတတ်သာတဲ့ အဆုံး ဟန်ယု သက်ပြင်းတစ်ချက် ခပ်ဖွဖွချလိုက်ရင်း...
'ကောင်းပြီ မီအာ...နည်းနည်းပဲ သောက်ရမယ်နော်´
'အင်း...´

VOUS LISEZ
ခေတ်သစ် ဧကရီ 👑
Fantasyမီရာ ဆိုတဲ့ ဆေးကျောင်းသူလေးဟာ မထင်မှတ်တဲ့ မတော်တဆမှုတစ်ခုကနေပြီးတော့ ရှေးခေတ်ကို ပြန်ရောက်သွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ... မီရာ ဆိုတဲ့ ဆေးကျောင်းသူလေးဟာ မထင်မှတ်တဲ့ မတော်တဆမှုတစ်ခုကနေပြီးတော့ ရှေးခေတ်ကို ပြန်ရောက်သွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆို...