Zawgyi
ရှောင်မီ မျက်နှာကို ချိုသာနေအောင် ပြုံးလိုက်ပြီး မိဖုရား အနားသို့ ကပ်သွားကာ
'မိဖုရားက ဘာကိစ္စကြောင့် ကျွန်မကို ရန်လိုနေတာလဲ နားမလည်နိုင်ဘူးရယ်...ဒါပေမဲ့ ကျွန်မကို အထင်သေးမိသွားတာပဲ...ကျွန်မက အဲ့လို ငြိမ်ခံနေမယ့်သူ မဟုတ်ဘူး...'
မိဖုရားရဲ့ နှုတ်ခမ်းတွေက ကောက်ကျစ်စွာ ပြုံးလာပြီး
'ငြိမ်မခံတော့ မင်းက ဘာလုပ်နိုင်မှာ မို့လို့လဲ...မင်းက တစ်ဖက်နိုင်ငံက ရောက်လာတဲ့ မင်းသမီး...ဘာအာဏာမှလဲ မရှိ...မင်းဘက်က နေပေးမယ့်သူလဲ မရှိဘူး...မင်း ငါ့ကို မယှဉ်နိုင်ပါဘူး...'
'အဟင်း...မိဖုရားက အဲ့လို ထင်တယ်ပေါ့...ဒါပေမဲ့ မိဖုရား သိထားဖို့က အရှင့် နှလုံးသားက ဘယ်မှာ ရှိလဲ ဆိုတာပဲ...ကျွန်မ ကြားရသလောက်တော့ လက်ထပ်ပြီးတည်းက အရှင်က မိဖုရားအဆောင်ဘက် ခြေဦးတောင် မလှည့်ဘူးဆိုပဲ...'
'ဘာ...မင်း..မင်း....တောက်...'
'ဗွမ်း...'
မိဖုရားသည် အလွန်ဒေါသထွက်သွားဟန်ပေါ်ပြီး ရှောင်မီအား ဘေးနားရှိ ကြာကန်ထဲသို့ တွန်းချလိုက်လေသည်။ ရှောင်မီ လိုချင်တာလဲ ထိုအရာပင်...မိဖုရားသည် သူဆင်ထားသော အကွက်ထဲ တည့်တည့်ပင် ဝင်ရောက်လာခဲ့သည်။ ဟွန့်...ဘယ်လောက်လွယ်ကူလိုက်သလဲ...
'ဟာ...ကြင်ယာတော်...ကြင်ယာတော်ကို ဆယ်ကြပါဦး...'
ရေကန်အနားရှိ လူများ အကုန်လုံး အုံ့အုံ့ကြွက်ကြွက် ဖြစ်သွားလေသည်။ ခဏအတွင်းမှာပဲ ရေထဲသို့ လူတစ်ယောက် ထိုးဆင်းသွားကာ ရှောင်မီကို ဆယ်ယူလာလေသည်။ ရှောင်မီအား ကယ်ဆယ်လာသောသူမှာ တခြားသူ မဟုတ်...ချင်ဘုရင် ဟန်ယုပင်...လူတွေ အကုန်လုံး ကြောင်ကြည့်နေပြီးမှ ထိတ်လန့်ကုန်ကြလေသည်။ သွားပြီ...မိဖုရားတော့ သွားပြီ...သူ ဘယ်လိုတောင် နမော်နမဲ့ နိုင်တာလဲ...ဘယ်လိုပဲ ဒေါသထွက်ထွက်ပေါ့...ကြင်ယာတော် တစ်ပါးကို ရေထဲ မတွန်းချသင့်ဘူးလေ...ကြင်ယာတော်ကဘအာဏာမရှိဘူးဆိုရင်တောင် အနည်းဆုံးတော့ မင်နိုင်ငံရဲ့ မင်းသမီး တစ်ပါးပင် မဟုတ်ပါလား...

YOU ARE READING
ခေတ်သစ် ဧကရီ 👑
Fantasyမီရာ ဆိုတဲ့ ဆေးကျောင်းသူလေးဟာ မထင်မှတ်တဲ့ မတော်တဆမှုတစ်ခုကနေပြီးတော့ ရှေးခေတ်ကို ပြန်ရောက်သွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ... မီရာ ဆိုတဲ့ ဆေးကျောင်းသူလေးဟာ မထင်မှတ်တဲ့ မတော်တဆမှုတစ်ခုကနေပြီးတော့ ရှေးခေတ်ကို ပြန်ရောက်သွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆို...