Part - 20

2.6K 123 22
                                    

Unicode

မနက်ခင်းရဲ့ နေရောင်နုနုက ပြတင်းပေါက်ကနေ တစ်ဆင့် တိုးဝင်လို့...ချင်နိုင်ငံရဲ့ ဘုရင်မင်းမြတ်ကတော့ အိပ်ရာထက်မှာ အိပ်မောကျနေတဲ့ မိဖုရားအလှလေးကို ငေးမောလို့ပေါ့ကွယ်...ခဏကြာတော့ မိဖုရားလေးက မျက်တောင်လေးတွေ လူးလွန့်လာပြီး နိုးလာတော့တယ်...စိုက်ကြည့်နေတဲ့ ချင်ဘုရင်ကြောင့် မနေတတ်စွာ ပါးလေးတွေရဲလို့ တစ်ဖက်ကို လှည့်သွားလေတယ်...ဟန်ယုက သဘောတကျပြုံးကာ ရှောင်မီရဲ့ ပခုံးလေးကို အသာဆွဲကိုင်ကာ သူ့ဘက် လှည့်စေလိုက်ပြီး

'မီအာလေးက ခုမှ ရှက်နေတာလား ဟင်...မရှက်ပါနဲ့ကွာ...ပထမဆုံးမှ မဟုတ်တော့တာကို...'

'ဘယ်...ဘယ်သူက ရှက်လို့လဲ...'

ဟန်ယုရဲ့ ရင်ဘတ်ထဲကို ပိုတိုးဝင်လာတဲ့ ခေါင်းလေးကို အသာအယာပွတ်ပေးရင်း သဘောတကျ ရယ်မောနေမိသည်...မီအာက သိပ်ချစ်ဖို့ ကောင်းလွန်းတယ်...

'ဒါနဲ့...ဟန်ကောက မီအာကို စိတ်မဆိုးတော့ဘူးလား...'

'ကိုယ့်ပုံက စိတ်ဆိုးနေပုံ ပေါ်သေးလို့လား'

'ဟင့်အင်း...'

'နောက်ခါ ကိုယ် မကြိုက်တာတွေ မလုပ်နဲ့တော့နော်...ဒီတစ်ခါ နောက်ဆုံး အနေနဲ့ ခွင့်လွှတ်ပေးမယ်'

'ဟုတ်...'

ရှောင်မီက ပြောလဲပြောပြီး ဟန်ယုရဲ့ နှုတ်ခမ်းကို ဖြတ်ခနဲ နမ်းလာတာကြောင့် ရုတ်တရက်ကြောင်သွားပြီးမှ ရှောင်မီကို သူ့အောက်ကို ဆွဲလှဲလိုက်ကာ

'မနက်စောစောစီးစီး ကိုယ့်စိတ်ကို လာစမ်းသပ်နေတာလား...မီအာ'

ရှောင်မီက ဟန်ယုကို ခပ်ပြုံးပြုံးလေး ကြည့်နေတာ မျက်ခုံးလေးတစ်ဖက်ပင့်၍

'အင်း...အရှင် မနက်ခင်းညီလာခံ နောက်ကျရင်တော့ မီအာ့အပြစ်မဟုတ်ဘူးနော်'

'ကိစ္စမရှိဘူး...ဒီတစ်ရက်ဖျက်လိုက်မယ်...'

'ဟာ...နိုင်ငံရဲ့ အရှင်ဘုရင်က အဲ့လို လုပ်လို့ မရဘူးလေ'

'ကိုယ်က ဘုရင်ပဲလေ...ကိုယ့်ကို ဘယ်သူလာပြောရဲမှာလဲ'

'အာ...ဟန်ကောနော်...အ...မကိုက်နဲ့လေ...အင်း...ညီလာခံပဲ သွားတက်ပါတော့...'

ခေတ်သစ် ဧကရီ 👑Onde histórias criam vida. Descubra agora