Part - 10

4.8K 353 17
                                    

Zawgyi

ရှောင်မီ လက်ထပ်ဖိတ်စာကို ကြည့်ရင်း စဉ်းစားနေမိသည်။ ဒီလက်ထပ်ဖိတ်စာက အကိုတော်နဲ့ ယန်ရီတို့ရဲ့ လက်ထပ်ဖိတ်စာပင်...ဒီမနက်ကမှ တမန်တော်နဲ့ ရောက်လာခြင်းဖြစ်သည်။ အကိုတော်တောင် လက်ထပ်တော့မှာပါလား...အကိုတော် လက်ထပ်တာလဲ မဆန်းပါဘူး...ငါတောင် အကိုတော်ထက်အရင် လက်ထပ်ခဲ့သေးတာ...ဒါပေမဲ့ ဘာဖြစ်လို့ ယန်ရီလဲ...ယန်ရီက အပြင်ပန်းမှာသာ ဖြူစင်သလိုရှိပေမဲ့ အတွင်းစိတ်မှာတော့ မကောင်းတာ ရှောင်မီ အသိပဲလေ...ရှောင်မီကို မြင်းပေါ်က ပြုတ်ကျအောင်တောင် ယန်ရီ စီစဉ်ခဲ့တယ်လို့ ရှောင်မီ သံသဝင်သည်။ အရင်ရှောင်မီကတော့ ဘာပဲပြောပြော ယန်ရီ လုပ်ကြံခဲ့လို့ သေသွားပြီပဲ ပြောရမှာပေါ့...ရှောင်မီနေရာမှာ အစားထိုးဝင်ရောက်လာတာ အနာဂတ်က သူ ဆိုတာ ဘယ်သူမှ မသိသေးပါဘူး...သိရင် အကိုတော်တို့ ခမည်းတော်တို့ ဘယ်လောက်ဝမ်းနည်းနေလိုက်မလဲ...သူတို့ချစ်ရတဲ့ မင်းသမီးလေး ရှောင်မီဆိုတာ သေဆုံးသွားခဲ့ပြီမို့...

'မီအာ...မီအာ...'

ဟန်ယုက လက်ထပ်ဖိတ်စာကြီးကိုင်ပြီး ငေးငိုင်နေတဲ့ ရှောင်မီကို ပခုံးလေးလှုပ်၍ ခေါ်မှ အသိဝင်လာတော့သည်။

'အော်...ဟန်ကော...'

'ဘာတွေ ဒီလောက် စဉ်းစားနေတာလဲ...ကိုယ် ရောက်လာတာတောင် မသိဘူး...'

'ဘာမှမစဉ်းစားပါဘူး...'

ဟန်ယုက ရှောင်မီဘေးနား ဝင်ထိုင်လိုက်ပြီး ခေါင်းလေးကို တစ်ချက်ပုတ်ကာ

'ဘာလဲ...မီအာက ချန်မင်းသား လက်ထပ်တော့မှာမို့လို့ စိတ်မကောင်းဖြစ်နေတာလား...'

'စိတ်မကောင်းဖြစ်တယ်လို့်လဲ မဟုတ်ပါဘူး...အကိုတော်နဲ့ လက်ထပ်မယ့်သူကို သဘောမတူချင်လို့...'

'သဘောမတူချင်လို့...ဟုတ်လို့လား...ကိုယ်ထင်တာတော့ မီအာ အကိုကို တိုနေတာလားလို့...'

'အာ...မဟုတ်ပါဘူးနော်...အကိုတော်လဲ အရွယ်ရောက်လာပြီပဲ လက်ထပ်ရမယ်ဆိုတာ မီအာ နားလည်ပါတယ်...ဒါပေမဲ့...'

'ဒါပေမဲ့ ဘာလဲ...မီအာကျ ချန်မင်းသား ဒီလောက်တားနေတာတောင် ကိုယ့်နောက် ကောက်ကောက်ပါ လိုက်ခဲ့တာ မဟုတ်လား...ကိုယ့်ကို အဲ့လောက်တောင် ချစ်တယ်ပေါ့...'

ခေတ်သစ် ဧကရီ 👑Where stories live. Discover now