Part - 8

5.1K 444 23
                                    

Zawgyi

ရှောင်မီ အိပ်ယာနိုးနိုးချင်း ဘေးနားမှာ အိပ်နေတဲ့ ဟန်ယုကို မြင်တာကြောင့် အသာပြုံးမိသွားလေသည်။ ညက ရှောင်မီ အိပ်ပျော်သွားမှ ရောက်လာတာ ထင်တယ်....ဒီရက်ပိုင်း ဟန်ကောလဲ အလုပ်တွေ များလိုက်တာ....ညတောင် သေချာအိပ်ရရဲ့လား မသိပါဘူး....ရှောင်မီ အိပ်ပျော်နေတဲ့ ဟန်ယု မနိုးအောင် အသာလေးထလိုက်ပြီး မျက်နှာသစ်ရန် အပျိုတော်တွေကို ယူလာခိုင်းလိုက်လေသည်။ အကုန်ပြင်ဆင်ပြီးသွားမှ စားဖိုဆောင်သို့ သွားပြီး ဟန်ယု နိုးလာရင် စားဖို့ မနက်စာကို ပြင်ဆင်လေသည်။ မနက်စောစောစီးစီး ကြင်ယာတော် ရောက်လာသဖြင့် စားဖိုဆောင်မှ အပျိုတော်များ ရုတ်ရုတ်သဲသဲဖြစ်သွားကြလေသည်။

'ကြင်ယာတော်...ဘာများ အလိုရှိလို့ပါလဲ...'

'အရှင်မင်းကြီးအတွက် မနက်စာပြင်ပေးမလို့ပါ...မင်းတို့ နေပါ ရပါတယ်...ငါကိုယ်တိုင် ချက်ပေးချင်လို့ပါ...'

'ဟုတ်ကဲ့ ကြင်ယာတော်...ခိုင်းစရာရှိရင် ကျွန်တော်မျိုးမတို့ကို ပြောလို့ရပါတယ်နော်...'

'ကောင်းပြီ...'

ရှောင်မီ ကွယ်သွားတာနဲ့ အပျိုတော်တွေ အချင်းချင်းတွတ်ထိုးကြတော့သည်။

'ကြင်ယာတော်က ဘယ်လောက်များ ချစ်ဖို့ကောင်းပြီး သိတတ်လိုက်သလဲ...ဒါကြောင့်မလို့ အရှင်မင်းကြီးက အသဲစွဲနေတာ မဆန်းပါဘူးလေ...'

'ဟုတ်ပါ့...မျက်နှာလေးဆိုလဲ ပြုံးချိုနေတာပဲ...ဟို မာန်ချီနေတဲ့ မိဖုရားရဲ့မျက်နှာနဲ့ယှဉ်ရင် ကြင်ယာတော့်မျက်နှာလေးက အေးမြနေတာပဲ...'

အပျိုတော်တွေ တွတ်ထိုးနေတုန်းရှိသေး...ခပ်မာမာအသံကြောင့် အကုန်လုံး လန့်ဖြန့်သွားကြသည်။

'နင်တို့တွေ ဘယ်လိုများ အတင့်ရဲပြီး မိဖုရားရဲ့ မကောင်းကြောင်းကို ပြောရဲတာလဲ...အပြစ်ပေးခံချင်နေပြီလား...'

အပျိုတော်တွေလဲ မိဖုရားနန်းဆောင်က အပျိုတော်ခေါင်းဆောင်ကို တွေ့လိုက်ရတာမို့ လန့်သွားကြပြီး မြန်မြန်ခေါင်းငုံ့ကာ တောင်းပန်တော့သည်။

ခေတ်သစ် ဧကရီ 👑Where stories live. Discover now