Part - 9

5.1K 371 15
                                    

Zawgyi

'အရှင်မင်းကြီး...ဝမ်မင်းသား ခစားဝင်ကြောင်းပါ...'

ဟန်ယုလဲ စာချွန်လွှာတွေ ဖတ်နေရင်းမှ

'ဝင်စေ...'

ခဏနေတော့ ဝမ်ယုက အခန်းတွင်း ဝင်လာပြီး သူ့ကို ရိုသေစွာ နှုတ်ဆက်လေသည်။

'အကိုတော်...'

'အားယု...ဘာကိစ္စရှိလို့လဲ...'

ဟန်ယု စကားကြောင့် ဝမ်ယု နှုတ်ခမ်းလေးစူသွားပြီး

'အကိုတော်ကလဲ ညီက ကိစ္စရှိမှ လာရမှာလားလို့...'

ဟန်ယု မျက်ခုံးများ ပင့်ကာ ညီဖြစ်သူကို ကြည့်လိုက်ပြီး

'ထူးထူးဆန်းဆန်း စကားတွေ ဆိုလို့...မင်းနှယ် ဘယ်တုန်းက ငါ့ဆီက လိုချင်တာမရှိပဲ လာဖူးလို့တုန်း...'

ဟင့်...ဝမ်ယုလေး စိတ်ညစ်နေပါပြီနော်...တစ်ဦးတည်းရှိတဲ့ အကိုတော်က စိမ်းစိမ်းကားကား စကားတွေ ပြောနေပါတယ်...

'အကိုတော်ကလဲဗျာ...တော်ပြီ ပြန်တော့မယ်...'

'အားယု...ထိုင်ပါ မပြန်ပါနဲ့ဦး...ဒီအကိုတော် အလုပ်တွေ ပိနေတာ မကူညီချင်တော့ဘူးလား...စာချွန်လွှာတွေ အများကြီးပဲ ဖတ်ရမှာ...'

အဲ့တော့မှ ဝမ်ယု စားပွဲပေါ်မှ စာချွန်လွှာအပုံကြီးကို ကြည့်ပြီး ဟွန့်ခနဲ အသံပြုကာ စားပွဲရှေ့တွင် ဝင်ထိုင်လေသည်။ ဟန်ယု သိတာပေါ့...ဒီညီတော်ဟာ အသက် ၁၆နှစ်သာရှိပြီး ကလေးဆန်ပေမဲ့ ဥာဏ်ရည်ထက်မြက်ပြီး အလွန်တော်တာကို...ဒီလိုမျိုး အရမ်းတော်တဲ့ မင်းသားတစ်ယောက်ရှိနေတာ ဟန်ယုရဲ့ ပုလ္လင်ကို ခြိမ်းခြောက်နိုင်တယ်ဆိုပေမဲ့ ဝမ်ယုဟာ ဟန်ယုရဲ့ ညီအရင်းဖြစ်ပြီး သူ့ကိုလဲ အလွန်ချစ်ရှာတဲ့ ညီတော်ဖြစ်တာကြောင့် နန်းတော်အပြင်မှာတောင် မနေစေပဲ နန်းတော်အတွင်းမှာပဲ နေစေကာ သူ့အနီးအနားမှာပဲ ထားတာဖြစ်လေသည်။

'အကိုတော်...ကွေ့ကျိုးဒေသမှာဖြစ်နေတဲ့ ရေကြီးမှုက တိုင်စာတွေ တော်တော်များတယ်နော်...'

'ဟုတ်တယ်...ကွေ့ကျိုးက တောင်တန်းတွေ ဝန်းရံထားတဲ့ မြို့လေးပဲ...ဒါပေမဲ့ ဒီနှစ်က မိုးတအားများတော့ တောင်ကျရေတွေကြောင့် မြေတွေပြို...အိမ်တွေ တော်တော်များများလဲ ရေမြှပ်ကုန်တယ် ကြားတယ်...စားနပ်ရိက္ခာတွေလဲ ပြတ်လပ်နေတာကြာပြီ...ဒါကြောင့် ဒီနှစ်ရက်အတွင်းမှာပဲ စားနပ်ရိက္ခာလှည်းတွေကို ကွေ့ကျိုးကို ပို့ဖို့ အကိုတော် စီစဉ်ထားတယ်...ဒါပေမဲ့ ညီတော် သိတဲ့အတိုင်း လာဘ်စားတတ်တဲ့ အမတ်တွေက နေရာတိုင်းမှာ ရှိနေကြသေးတယ်...ဒီစားနပ်ရိက္ခာတွေ ပြည်သူတွေဆီ လုံလုံလောက်လောက်ရောက်မသွားမှာ အကိုတော် စိုးရိမ်တယ်...'

ခေတ်သစ် ဧကရီ 👑Nơi câu chuyện tồn tại. Hãy khám phá bây giờ