Part - 11

4.3K 333 16
                                    

Zawgyi

ရှောင်မီ မင်နိုင်ငံကနေ ထွက်လာတော့ ပထမတစ်ခါလောက် ဝမ်းမနည်းမိပေမဲ့ လွမ်းသလိုလိုတော့ ရှိလေသည်။ မိသားစုနဲ့ တစ်ခါထပ်ပြီး ခွဲခွာရဦးမှာပေါ့...အော် ကံဆိုးလိုက်တဲ့ ငါလေး...အနာဂတ်မှာတုန်းကလဲ မိဘမဲ့မို့လို့ မိသားစုနဲ့ မနေရ...ဒီဘဝရောက်တော့လဲ ယောက်ျားယူလိုက်လို့ ယောက်ျားနဲ့ လိုက်နေရပြန်တယ်တဲ့...ဘာပဲပြောပြော ဟန်ကောက ငါ့ကို ချစ်လို့တော်သေးတာပေါ့...မဟုတ်ရင် ငါ့ဘဝ မတွေးရဲစရာပဲ...

'ဝှီး...ဒုတ်...'

လှည်းရဲ့ တံခါးဘောင်ကို လာစိုက်တဲ့ မြှားကြောင့် ရှောင်မီ လန့်သွားမိလေသည်။

'လုပ်ကြံသူတွေ ရှိတယ်...'

ရုတ်တရက်ဖြစ်လာတဲ့ အခြေအနေကြောင့် အပျိုတော်တွေ ရဲမက်တွေ အကုန်လုံး ယောက်ယက်ခတ်ကုန်ကြသည်။ ရှောင်မီတို့နဲ့ ပါလာတဲ့ ရဲမက် တစ်ဝက်လောက်က မြှားနဲ့ ပစ်ချတာကြောင့် သေကုန်ကြပြီ...အဲ့အချိန်မှာပဲ အမဲရောင်မျက်နှာဖုံးတွေ အုပ်ထားကြတဲ့ လူတစ်စုက ရဲမက်တွေကို ဝင်ချလေသည်။ အပြင်ဘက်မှာ အော်ကာ ဟစ်ကာ ဓားသံတွေနဲ့ ဆူညံနေပေမဲ့ ရှောင်မီကတော့ လှည်းထဲမှာပင် အသံပင် မထွက်ရဲ...ငြိမ်ငြိမ်လေးပင် ထိုင်နေမိသည်။ မဟုတ်ပဲလွဲရော...ငါ ဒီမှာပဲ သေရတော့မှာလား...မဖြစ်နိုင်ပါဘူး...အရင်တစ်ခါတုန်းက ဟန်ကောက ငါ့ကို ကာကွယ်ပေးခဲ့တယ်...အခုရော ငါ့ကို ဘယ်သူက ကာကွယ်ပေးမှာလဲ...

'ထွက်တော့...'

'ဟင်...'

ရှောင်မီ အတွေးလွန်နေသဖြင့် ဝမ်ယုက လှည်းနားလာပြီး စကားပြောတဲ့အခာ ကြောင်တောင်တောင် ဖြစ်သွားရလေသည်။

'ခင်ဗျား ကြောင်တောင်တောင် လုပ်မနေနဲ့...မြန်မြန်လှည်းပေါ်က ဆင်းတော့...သေချင်လို့လား...လုပ်ကြံသူတွေက များလာပြီ...ကြာကြာ ထိန်းထားနိုင်မှာ မဟုတ်ဘူး...ထွက်ပြေးမှ ဖြစ်မယ်'

'အင်...အင်း အင်း'

ရှောင်မီလဲ အယောင်ယောင်အမှားမှားနဲ့ လှည်းပေါ်က ဆင်းတော့ ချော်ကျလေသည်။ ဝမ်ယုက မြင်းပေါ်ကနေ လက်ကမ်းပေးကာ

ခေတ်သစ် ဧကရီ 👑Where stories live. Discover now