Part - 1

16.8K 562 11
                                    

Zawgyi

ကျွန်မနာမည်က မီရာ ပါ...အသက် ၁၈နှစ်အရွယ် ဆေးကျောင်းသူ တစ်ယောက်ပေါ့...မီရာရဲ့ ဘဝက သာမန် တက္ကသိုလ်ကျောင်းသူ ဘဝမျိုးပါပဲ...ကျောင်းတက်တယ်...သွားတယ် လာတယ်...ဒါပေမဲ့ မီရာရဲ့ ဘဝကို စတင်ပြီးတော့ ပြောင်းလဲသွားစေမယ့် အရာကတော့ ဒီနေ့မှာ စတင်ဖြစ်ပျက်ခဲ့ပါတယ်...

'မီရာ...ပါမောက္ခက ခေါ်နေတယ်...scholarship နဲ့ ပတ်သတ်ပြီး ပြောချင်လို့တဲ့...'

'ကျေးဇူး...ငါ သွားလိုက်မယ်...'

လာပြောပြပေးတဲ့ သူငယ်ချင်းကို ကျေးဇူးတင်စကားပြောလိုက်ပြီး ပါမောက္ခနဲ့ တွေ့ဖို့ အခန်းပြင်ကို ထွက်လာခဲ့သည်။ မီရာက ကျောင်းမှာ စာအလွန်တော်ပြီး အလွန်လှပသော မိန်းကလေးတစ်ယောက် ဖြစ်လေသည်။ ဒါကြောင့်လဲ တစ်ကျောင်းလုံးရဲ့ queen အဖြစ်ကို ရွေးချယ်ခံထားရလေသည်။ ပါမောက္ခဆီ ရောက်တော့ အမေရိကားကို scholarship နဲ့ သွားရမည့်အကြောင်း ပြော၍ မီရာ အရမ်းပျော်ကာ ပြန်လာခဲ့လေသည်။ အိမ်ပြန်လမ်းမှာ မီရာရဲ့ ခြေလှမ်းတို့က သွက်လက်နေ၍ မြေကြီးနဲ့ပင် ထိမည် မထင်တော့...ထိုအချိန်မှာပဲ မီရာ မြင်လိုက်ရသည်က ကလေးလေးတစ်ယောက်က လွတ်ကျသွားတော့ သူ့ရဲ့ ဘောလုံးလေးကို လိုက်ကောက်ရင်း ကားလမ်းမပေါ် ရောက်သွားလေသည်။ ကလေးရဲ့ မိခင်က အသည်းအသန် လိုက်ဆွဲပေမယ့် မှီမယ့်ပုံ မပေါ်တော့...အကြောင်းမှာ ထိုကလေးဆီကို တည့်တည့်လာနေတဲ့ ကားတစ်စီးကြောင့် ဖြစ်သည်။ ကားမှာ ကလေးနဲ့ အတော်နီးနေပြီ ဖြစ်ပြီး ထိုအနီးနားမှာ ရှိနေတဲ့ လူတွေကလဲ အထိတ်တလန့်နဲ့ အော်ကြလေသည်။ မီရာသည် ထိုကလေးနဲ့ အနီးနားဆုံး ရှိနေသည့် သူဖြစ်သည်။ ထို့အတွက် မီရာ ဘာမှမစဉ်းစားနေတော့...မီရာသည် လူတွေရဲ့ အသက်ကို ကယ်ချင်လို့ပဲ ဆေးကျောင်းကို တက်ခဲ့တာ ဖြစ်လေသည်။ မီရာရဲ့ ခြေလှမ်းတွေက ထိုကလေးဆီကို ပြေးသွားလိုက်ပြီး ကားနဲ့ လွှတ်ရာသို့ တွန်းထုတ်လိုက်လေသည်။ ဒါပေမဲ့ ကားကတော့ မီရာ့ကို တိုက်မိသွားသည် ထင်ပါ့...မီရာ့ရဲ့ ခန္ဓာကိုယ်က လေပေါ်ကို မြှောက်တက်သွားပြီး ကားလမ်းမပေါ်သို့ အရှိန်ပြင်းပြင်းနဲ့ ပြန်ကျသွားတာကို သိလိုက်လေသည်။ ပြင်းထန်သော နာကျင်မှုများနဲ့ အတူ...အမှောင်မိုက်ဆုံး ကမ္ဘာဆီသို့...

ခေတ်သစ် ဧကရီ 👑Where stories live. Discover now