Zawgyi
'အရှင်မင်းကြီး ချင်နိုင်ငံရဲ့ ကုန်သည်တွေ မင်နိုင်ငံ နယ်စပ်မှာ အသတ်ခံခဲ့ရပါတယ်...ဒါဟာ မင်နိုင်ငံက ကျွန်တော်မျိုးတို့နဲ့ ချုပ်ဆိုထားတဲ့ မဟာမိတ်စာချုပ်ကို ဖြတ်သိမ်းချင်နေတဲ့ သဘောပါလား'
'မင်နိုင်ငံနဲ့ ချင်နိုင်ငံရဲ့ ကုန်သည်တွေဟာ လွတ်လွတ်လပ်လပ် ကုန်သွယ်ခွင့်ရထားကြတာပဲ...ဘာအကြောင်းကြောင့် ကုန်သည်တွေ အသတ်ခံရလဲဆိုတာ အရင်သိဖို့ လိုတယ်'
'ဟုတ်တယ်...'
'ဟုတ်ပါတယ် အရှင်မင်းကြီး...ဒီကိစ္စက ပေါ့ပေါ့လေးထားရမယ့် ကိစ္စမဟုတ်ဘူး...'
'အရှင်မင်းကြီး...ဆုံးဖြတ်ပေးတော်မူပါ'
ဟန်ယု ညီလာခံခန်းမတွင် ဘာတစ်ခွန်းမှ ဝင်မပြောပဲ အမတ်တွေ ပြောတာကိုသာ အာရုံစိုက်၍ နားထောင်နေမိသည်။ ဒီကိစ္စဟာ တစ်ချက်ကလေးမှ အမှားပါလို့ မရတဲ့ ကိစ္စ...မင်နိုင်ငံဟာ ရှောင်မီရဲ့ နိုင်ငံဖြစ်သည့်အလျောက် ရှောင်မီ ချစ်ခင်ရတဲ့သူတွေ ရှိနေတဲ့ နိုင်ငံ...သူ လွယ်လွယ်ကူကူနဲ့ ဆုံးဖြတ်လို့ရတဲ့ ကိစ္စမဟုတ်ပေ...
'ဒီနေ့ ညီလာခံကတော့ ဒီလောက်ပဲ...ငါ ကိုယ်တော် ဒီကိစ္စကို သေချာစုံစမ်းဦးမယ်...'
'ကောင်းပါပြီ အရှင်မင်းကြီး...'
ဟန်ယု ညီလာခံပြီးပြီးချင်း ရှောင်မီ အဆောင်တော်ကို တန်းပြီး လာခဲ့သည်။
'ဟန်ကော...ညီလာခံပြီးသွားပြီလား'
'အင်း...'
ခုံပေါ်မှာ ထိုင်၍ မျက်နှာမကောင်းတဲ့ ဟန်ယုကို ကြည့်ပြီး ရှောင်မီက
'ဟန်ကော...ညီလာခံမှာ ဘာပြဿနာဖြစ်ခဲ့လို့လဲ'
'ဟင်း...ချင်နိုင်ငံရဲ့ ကုန်သည်တွေ မင်နိုင်ငံ နယ်စပ်မှာ အသတ်ခံခဲ့ရတယ်'
'ရှင်...'
ရှောင်မီ အံ့သြသွားပြီး ခဏနေမှ
'ဒီကိစ္စက မဟာမိတ်စာချုပ်ကို ထိခိုက်စေနိုင်တယ် မဟုတ်လား...ခမည်းတော်က ဒီလိုလုပ်မှာ မဟုတ်ပါဘူး...ဒီကြားထဲမှာ တစ်ခုခု လွဲမှားနေပြီ ထင်တယ်...မင်နိုင်ငံဘက်က မြန်မြန်ဖြေရှင်းချက် ပေးနိုင်မှဖြစ်မှာ'

VOUS LISEZ
ခေတ်သစ် ဧကရီ 👑
Fantasyမီရာ ဆိုတဲ့ ဆေးကျောင်းသူလေးဟာ မထင်မှတ်တဲ့ မတော်တဆမှုတစ်ခုကနေပြီးတော့ ရှေးခေတ်ကို ပြန်ရောက်သွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ... မီရာ ဆိုတဲ့ ဆေးကျောင်းသူလေးဟာ မထင်မှတ်တဲ့ မတော်တဆမှုတစ်ခုကနေပြီးတော့ ရှေးခေတ်ကို ပြန်ရောက်သွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆို...