Part - 18

1.1K 81 4
                                    

Unicode

ဟန်ယုက အမြဲ တည်ငြိမ်တယ်...အေးဆေးတယ်...ဘာလုပ်ရမလဲ ဆိုတာ အမြဲပြင်ဆင်ထားတတ်တဲ့သူ...ဒါပေမဲ့ သူလဲ ချို့ယွင်းချက်ဆိုတာ ရှိတတ်တာပဲလေ...အချစ်နဲ့တွေ့သွားတဲ့ အခါမှာပေါ့...ဖြစ်သင့်တာတွေ မဖြစ်သင့်တာတွေ သူ မသိဘူး...ခုချိန်မှာ သူ ချစ်ရတဲ့ မိန်းကလေးကို အထိအခိုက် အပွန်းအပဲ့လေးတောင် မခံချင်တော့ဘူး...နိုင်ငံအတွက် ဂုဏ်ပုဒ်အတွက် သူ ဒီအချိန်မှာ ဒါတွေ မတွေးနိုင်တော့ဘူး...

သူ ဓားတစ်လက်ကို ဆွဲပြီး ရန်သူပေါင်းများစွာထဲမှာ တိုက်ခိုက်ရင်း ကျန်ခဲ့တယ်တဲ့လေ...သူဟာ ဘယ်လောက် ရူးမိုက်လိုက်ပါလဲ...ချင်နိုင်ငံရဲ့ ဘုရင်တစ်ယောက်အနေနဲ့ သူ့ကို မှီခိုနေတဲ့ တိုင်းသူပြည်သားတွေ အမတ်တွေ အကုန်လုံးကို ဥပေက္ခာပြုပြီး ကိုယ့်အသက်ကို ဒီလိုမျိုး လက်လွတ်စပယ် စွန့်စားနေတယ်တဲ့...သြော်...အချစ်ဟာ ဆင်ခြင်တုံ့တရားတွေကို ပျောက်ကွယ်စေတာပဲ...ဒါပေမဲ့ ရှောင်မီ ဘေးကင်းသွားပြီဆိုတဲ့ အသိက သူ့ကို ပျော်ရွှင်စေပြန်တယ်...

သူ့ဆီကို ပြေးဝင်လာတဲ့ ရန်သူပေါင်းများစွာကို တိုက်ခိုက်နေမိသည်...မိဖုရားဆောင်ရှေ့ နန်းရင်ပြင်မှာ သွေးချောင်းစီးနေလေပြီ...ရန်သူပေါင်း ထောင်ချီပြီး သတ်ဖြတ်ပြီးနေပေမယ့်လဲ ဟန်ယုဟာ စစ်နတ်ဘုရား ပီသစွာပဲ အားမာန်အပြည့်နဲ့ တိုက်ခိုက်နေနိုင်တုန်းပင်...

ယန်ရီက လှေကားအမြင့်ပေါ်ကနေ လှမ်းကြည့်နေပြီး ရဲစွမ်းသတ္တိအပြည့်နဲ့ တိုက်ခိုက်နေတဲ့ ချင်ဘုရင်ကို ကြည့်ရင်း မျက်မှောင်ကျုံ့မိသည်...တကယ်နှမြောစရာပဲ...သူနဲ့ တစ်ဖက်တည်းမှာ အတူတူရှိနေတဲ့သူဆိုရင် ကောင်းမှာပဲ...ဒါပေမဲ့ ရှောင်မီ့ ဘက်တော်သားဆိုတော့ စိတ်မကောင်းစွာနဲ့ပဲ သတ်ပစ်ရတော့မယ်...

'လေးသည်တော်တွေရော..'

'အသင့်ပါပဲ ကြင်ယာတော်...'

'ပစ်ဖို့ အသင့်ပြင်...'

တိုက်ခိုက်နေတဲ့သူတွေက နောက်ဆုတ်လိုက်ကြပြီး လေးသည်တော်တွေက ဟန်ယုကို ပစ်ရန် နေရာယူလိုက်ကြသည်...မိုးလင်းခါနီး ဝေလီဝေလင်း အလင်းရောင်အောက်မှာ ဟန်ယုက သွေးတစက်စက်ကျနေတဲ့ ဓားကို ကိုင်ပြီး ရပ်နေတယ်...သူ့ဘေးမှာလဲ ထောင်ပေါင်းများစွာသော အလောင်းတွေနဲ့...သူ ဝတ်ထားတဲ့ အမဲရောင် ဝတ်ရုံရှည်က လေအဝှေ့မှာ တဖျတ်ဖျတ်လွင့်လူးနေတယ်...မျက်နှာမှာ သွေးတွေ ပေနေပေမယ့် တည်ကြည် အေးစက်နေတဲ့ မျက်နှာပြင်နဲ့ ဟန်ယုဟာ ချောမောနေတုန်းပင်...

ခေတ်သစ် ဧကရီ 👑Where stories live. Discover now