Zawgyi
ယန်ရီ ပြန်ထွက်သွားတော့မှ ရှောင်မီ အတော်ကြာ စဉ်းစားနေမိသည်။ ယန်ရီဆိုတာ ရှောင်မီအပေါ် တကယ်ပဲ မကောင်းတဲ့သူငယ်ချင်းလား...ဒါဆို ဟိုတစ်ခါ မြင်းပေါ်က ပြုတ်ကျတဲ့ကိစ္စကလဲ သွေးရိုးသားရိုးတော့ မဟုတ်နိုင်...ဘာပဲပြောပြော သတိထားရမယ့် သူတစ်ယောက်တော့ ရှိလာပြီ...
👑👑👑
နွေဦးပန်းပွဲတော်နေ့ 🌸🌸
နောက်ဆုံးတော့ ပန်းပွဲတော်နေ့ ရောက်လာခဲ့လေပြီ...ရှောင်မီက ပန်းနုရောင် ဝတ်ရုံလေးကို ဝတ်ဆင်ထားပြီး ပန်းတွေနဲ့ အပြိုင် လှပနေလေသည်။
'သမီးတော်လေး...အရမ်းလှနေတာပဲ...'
'မယ်တော်လဲ အရမ်းလှနေတာပါနော်...'
'မယ်တော်က အိုနေပါပြီကွယ်...ကဲ ထိုင်ရအောင်လေ...'
ဘုရင် မိဖုရား မင်းသား နဲ့ မင်းသမီးတို့က အမတ်တွေ ဧည့်ပရိတ်သတ်တွေရဲ့ အလယ် ရှေ့ဆုံးမှာ နေရာယူ ထိုင်ရလေသည်။ ဘေးပတ်လည်မှာပဲ ချယ်ရီပန်းပင်တွေ ပတ်လည်နဲ့ လှပနေပြီး အလှပြထားတဲ့ နွေဦးပန်းတွေကလဲ အစုံအလင်နဲ့ တော်တော်မျက်စိပဒေသာဖြစ်ဖွယ် ရှိနေတာကို တွေ့ရလေသည်။ အမတ်တွေ နယ်စားအင်းတွေလဲ စုရုံးရောက်ရှိနေတဲ့ အတွက်ကြောင့် ခမည်းတော်ကိုလဲ လက်ဆောင်ပဏ္ဍာတွေ ဆက်သကြလေသည်။ အကိုတော် မင်းသား ရှောင်ချန်ကတော့ စားပွဲပေါ်က လက်ဖက်ရည်ကိုသာ သောက်ရင်း ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်နေလေသည်။ မကြာခဏလဲ သူ့ရဲ့ ကိုယ်ရံတော်ဖြစ်တဲ့ မူအန်းကလဲ ဘေးနားကပ်ကပ်ပြီး တိုးတိုး ပြောလေသည်။ အကိုတော်က ပွဲတော်ရဲ့ လုံခြုံရေးကို တာဝန်ယူထားတော့ အေးအေးဆေးဆေးမထိုင်နိုင်တာ ဖြစ်သင့်ပါတယ်လေ...
ရှောင်မီ လက်ဖက်ရည်အိုးကို အသာမ၍'အကိုတော်...မီအာ တစ်ခွက်လောက် ထည့်ပေးပါရစေ...'
'ကောင်းပါပြီ မီအာ...'
ရှောင်မီ လက်ဖက်ရည်ကို ခွက်ထဲသို့ ညှင်သာစွာ ဌဲ့ပေးလိုက်ပြီးနောက် အိုးကို အသာပြန်ချလိုက်လေသည်။
'အကိုတော်က အလုပ်တွေ ရှုပ်သလောက် မီအာက အေးအေးဆေးဆေးနေနေရတာ ရှက်တောင် ရှက်လာသလိုပဲ...'

VOUS LISEZ
ခေတ်သစ် ဧကရီ 👑
Fantasyမီရာ ဆိုတဲ့ ဆေးကျောင်းသူလေးဟာ မထင်မှတ်တဲ့ မတော်တဆမှုတစ်ခုကနေပြီးတော့ ရှေးခေတ်ကို ပြန်ရောက်သွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ... မီရာ ဆိုတဲ့ ဆေးကျောင်းသူလေးဟာ မထင်မှတ်တဲ့ မတော်တဆမှုတစ်ခုကနေပြီးတော့ ရှေးခေတ်ကို ပြန်ရောက်သွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆို...