Part 6

5K 285 20
                                    

"ကလေးလေး~~"

သူတုန်ယီသွားသည်။ အသံကား လေးလေးပင်ပင်နဲ့~~ဆွဲငင်ညို့ယူနေသည်။
သူဒီအသံကို ကြောက်သည် သို့ပေမယ့်သူမြတ်နိုးပြန်သည်။

သူလက်တို့ကို ခုံပေါ်တွင်ကြိုးချည်ထားသည်။ သူရုန်းဖို့ မကြိုးစားသလို ငြိမ်လည်း မထိုင်နေပဲ ခြေလှမ်းသံကို နားစွင့်နေသည်။

ခြေလှမ်းသံသည်တစတစနီးကပ်လာသည်။

"ကလေးရေ "ဟူသော အသံသည် ပိုပြတ်သားလာသည်။

တံခါးဖွင့်သံနဲ့ အတူ သူဆီထိုသူ လျှောက်လှမ်းလာသည်။

"ကလေး~ကိုကိုလက်သွေးစွန်း ပြန်ပြီး "

သွေးပေနေသော လက်ကို မြှောက်ပြကာ သူအားစကားဆိုလာသည်။

"ခင်ဗျား လူသတ်ပြန်ပြီးလား"

"အာ ဟား ဟားးး~~ကလေးက ကိုကို ကို ခင်‌ဗျားတဲ့လား။ နားထောင်လို့ကောင်းတယ် ကလေး။ ကိုကို ကြိုက်တယ်။ "

"ခင်ဗျား။ ကျွန်တော်မေးတာ‌ဖြေဦးလေ"

"ကိုကို ‌ဖြေပေးရမှာပေါ့ ~ကိုယ်ကလေးဆိုးလေးရဲ့~ကိုကို ကလေးဆိုးလေးကို ကိုကိုပဲထိခွင့်ရှိတာ ဟို အလောင်းကောင်က ကိုကိုကလေးကို အနိုင်ကျင့်တာကို ကိုကို ကလေးကို ထိတဲ့သူကို ကိုကို အရှင်မထားနိုင်ဘူး"

"ခင်ဗျား။"

"ပြော ကလေး~~"

"ခင်ဗျား နောက်ခါလူသတ်ရင် ကျွန်တော်ကို ခေါ်"

"ဟာ့ ကိုယ် ကလေးက ရင့်ကျက်လာပါလား ။အိုကေ ကလေး အရာအားလုံးမင်းသဘောဖြစ်စေရမယ် အခုတော့ ကိုယ်တို့ playကျ‌တာပေါ့"

" ကိုကို သဘောပါ..ဒါပေမယ့် ကိုကို လက်‌တွေ အရင်ဆေးလိုက်"

"အား ဟုတ်ပါပြီး လိမ်မာလိုက်တာ ကိုကို ကလေးလေးက "

လက်ဆေးဖို့ ကိုကိုဆိုသောသူဟာထွက်သွားသည်။ သူနဲ့ကိုကို အကြောင်းမပြောခင်မှာ
သူနာမည်က Liam ဒီ Red world systemထဲလမ်းမှား ရောက်လာပြီးပြန်မထွက်နိုင်ပဲ Red light cherry organisationထဲရောက်လာသူပင်။သူဟာ Systemတွေထဲမှာ မပျော်တတ်ပေမယ့် ဒီ Red Worldမှာတော့သူပျော်သည် မူလ ကမ္ဘာနဲ့ ပုံစံတူပေမယ့် ဆန်ပြားမှုများစွာရှိသည်။ ထိုဆန်းပြားမှုထဲကတစ်ခုသည် သူ ကိုကို ပင်။

My sugar Daddy(System)Where stories live. Discover now