Part-14

2.4K 152 8
                                    

Some secret of BOSS

################################################################################################

Bossတစ်ယောက် နားနေခန်းမှာ အေးဆေးထိုင်ကာ အရက်သောက်နေသည်။

သူ ကမ္ဘာမှာ သူနာမည်ကိုBossလို့သတ်မှတ်ယူထားပေမယ့် မူလ ကမ္ဘာမှာ နာမည်တစ်ခုရှိသေးသည်။

အတိတ်အကြောင်းကို ဝီစကီသောက်ရင်း ပြန်တွေးမိသည်။

သူအသက်သုံးနှစ် အရွယ်ကောင်လေးတစ်ယောက်ဖြစ်ခဲ့ဖူးချိန်တွင် သူထိုင်နေသော အရှေ့မှာ လူကြီးတစ်ယောက်ကလာရပ်ကာ~

"မင်းနာမည် Nathan"

ဟုပြောလာချေသည်

"N.A.T.H.A.N."

လို့တစ်‌လုံးချင်းဆီပေါင်းကြည့်မိတော့ ထိုလူက ရယ်ကာ

"မင်းက ငယ်ငယ်လေးနဲ့ ဉာဏ်ကောင်းသားပဲ"

ထိုလူကြီးကို ပြူးကြောင်ကြောင်နဲ့ မော့ကြည့်တော့ ထိုသူက ကောင်လေးတစ်ယောက်ကို လက်ညွန်းထိုးပြရင်း သူကို စကားဆိုလာသည်

"တွေ့လား အဲ့အစ်ကိုက မင်းကိုမွေးစားချင်လို့တဲ့"

၇နှစ်အရွယ်ကောင်လေးတစ်ယောက်က တောက်ပသော အပြုံးမျိုးဖြင့်ပြုံးကာ သူကို လှမ်းကြည့်နေသည်။

"မင်း အဲ့အစ်ကိုနဲ့ အတူတူနေချင်လား"

"ဟုတ်"

သူခေါင်းငြိမ့်ပြလိုက်တော့ သူကို ထိုလူက လက်ကမ်းကြိုသည်။

နောက်ပြီး အိမ်ကြီးတစ်ခုဆီသို့ ထိုအိမ်ကို သူကို ပြုံးသော အစ်ကိုရယ် သူကိုခေါ်လာတဲ့ လူကြီး ရယ် သူရယ်ပါသွားခဲ့ချေသည်။

ထိုအိမ်ရောက်ရောက်ချင်း သူကို ပြုံးပြသော အကိုဟာ သူဘက်လှည့်ကာ

"အကိုနာမည်က JT"

"Nathanပါ"

"Cumulus Communityက ကြိုဆိုပါတယ် Nathan~"

"Cumulus Community???"

"တစ်ချိန်မင်းသိလာမှာမို့ အခုနားတော့ ‌Nay~"

ထိုJTလို့ခေါ်သော ကောင်လေးဟာ ၇နှစ်အရွယ်နဲ့ မမျှအောင် ရင့်ကျက်တည်ငြိမ်ကာ ထွက်သွားချေသည်။

သူကို ခေါ်လာသောလူကြီးက သူကို အခန်းတစ်ခုသည်ခေါ်သွားချေကာ အနားယူစေသည်။။

My sugar Daddy(System)Where stories live. Discover now