ညနေစောင်းတွင် ဘော့စ်ရဲ့ ဧည့်သည်နှစ်ယောက်ဟာ သူတို့အိမ်တော်ကိုရောက်လာခဲ့ချေတော့သည်။
"ကြိုဆိုပါတယ် Draven"
"ကြိုဆိုမှုတွက်ကျေးဇူးပါ။ ဒါကိုယ့်ယောက်ျား လော့ယွီထျန်း"
"တွေ့ရတာ ၀မ်းသာပါတယ် "
"ကျွန်တော်လဲတွေ့ရတာ ၀မ်းသာပါတယ်"
အလော့ဟာလဲ ဘော့စ်ကို ၀မ်းပန်တသာ အမူအရာဖြင့်နှုတ်ဆက်လေသည်။
ဘော့စ်က သူဘေးမှာရှိသောWအား"ဒါကိုယ့်ကောင်လေး W။"
အလော့ရော ၀မ်ယန်ဝူ နှစ်ဦးသား W နဲ့ လက်ဆွဲနှုတ်ဆက်လိုက်ချေသည်။ထိုနောက် ညစာစားပွဲဆီသို့။
လေးဦးသားထမင်းစားနေရင်း အလော့ဟာ ၀မ်ယန်ဝူကို ကပ်တိုးလေးတစ်ခုခွင့်တောင်းနေဟန်ပင်။ ၀မ်ယန်ဝူဟာလဲ ခေါင်းငြိမ့်ပြကာ Bossရှိရာ ဘက်အား
"ကိုယ့် ယောင်္ကျားက ဒီက မင်းကောင်လေးနဲ့ ဒီနားဟိုနားခဏနေ သွားချင်တယ်တဲ့"
"ရတာပေါ့။ Wစားပြီးရင် ဒီက Draven ကောင်လေးနဲ့ အတူတူ ခဏ အဖော်ပြုပေးလိုက်ဦး။ကိုယ်နဲ့ Draven လဲ စကားပြောစရာလေးရှိလို့"
"ဟုတ်ကဲ့ Boss"
အလော့ဟာ သူလုပ်ချင်တာလုပ်ရ၍ မြူးထူးပျော်ရွှင်နေဟန်ရှိသည်။၀မ်ယန်ဝူကတော့ ထိုကောင်လေးကို ဘာမှမပြောတော့ပဲ လွှတ်ထားပေးချေသည်။
ညစာစားပြီးတော့ အလော့နဲ့ Wနှစ်ဦးသား ခြံထဲဆင်းလမ်းလျှောက်ချေသည်။၀မ်ယန်ဝူနဲ့Bossကတော့ စာကြည့်ခန်းထဲ စကားပြောနေတော့သည်။
"ခင်ဗျားနဲ့ ဟိုလူကြီးနဲ့ လက်ထပ်တာကြာပြီးလား"
"ကြာပြီးလို့ပြောလို့မရသေးဘူး နှစ်လလောက်ပဲရှိဦးမှာ"
"လက်ထပ်ရတဲ့ ဘ၀က ဘယ်လိုနေလဲ"
"ပိုပျော်စရာကောင်းတယ်။ အထူးသဖြင့် အရင်ကလောက်တော့ အရိုက်မခံရတော့ဘူး"
"ဘယ်လိုမျိုး?"
"အင်း ကျွန်တော်နဲ့ lordနဲ့က အရင်က ခစားသူနဲ့ခစားခံရသူလေ။ပြောရရင် အပြစ်ဖောက်ရင် အပြစ်ပေးခံရတာမျိုးပေါ့"
YOU ARE READING
My sugar Daddy(System)