Part 12

2.6K 171 25
                                    

ဒီနိုတစ်ယောက် လာပို့ထားတဲ့ ပစ္စည်းတွေကို သေချာ ပြန်သိမ်းဖို့ ပြင်လိုက်သည်။

စိတ်ထဲကလဲ

(ဘာတွေတုန်း)ဟု ညည်းညူမိသည် ။

ပစ္စည်းတွေကို ဘီဒိုထဲထည့်နေတုန်း ဂျေဒန်ဆီက ဖုန်း၀င်လာသည် ထိုကြောင့် ခပ်သွက်သွက်သာ ကိုင်လိုက်သည်။

"ဘယ်လိုလဲ သဘောကျလား?"

ဟု အရင်ပိတ်မေးလိုက်သောကြောင့် ဘေးကျပ် နံကျပ်ဖြစ်သွားသည်။ အင်းအဲ လုပ်ချင်ပါသောလည်း တိတိကျကျ အဖြေပေးမှ ကြိုက်တတ်တဲ့ ဂျေဒန်ကြောင့်

"သဘောကျပါတယ် Daddy"

"ထင်ပါတယ် သဘောကျလွန်းလွန်းလို့ အား လို့တောင် အော်မိတယ်မလား"

"ဘယ်လို"

ဂျေဒန်ဘယ်လိုသိနေတာလဲ ဟု စိတ်ထဲက အူကြောင်ကြောင်တွေးမိသည်။

"ကိုယ်မင်းအိမ်က CCTVကနေ မင်းကိုကြည့်နေတာလေ။ "

"CCTV!"ဟူသော အသံကြောင့် ဘေးဘီလှည့်ကြည့်မိသည်။

"အဲ့လောက်မလန့်ပါနဲ့ ကိုယ်တို့ရဲ့ ကနဦးသဘောတူညီချက်မှာ ဘေဘီ အိမ်မှာ cctvတပ်ခွင့်ပြုပါတယ် ဆိုပြီး ဘေဘီကိုယ်တိုင်သဘောတူထား‌တာလေ"

(ကာမသုခချောင်းပဲ!)ဟု စိတ်ထဲက ဒီနိုကျိန်ဆဲမိသည်။

"ရုတ်တရက်မေ့သွားလို့ပါ ဒယ်ဒီ"

"ထားပါ။ ကိုယ် အပြစ်မတင်ဘူး။ ညနေ ညနေစာ စားဖို့ ကိုယ်လာခေါ်မယ်။သေချာပြင်ထား။ပြီး‌တော့ ပစ္စည်းတွေ သေချာသိမ်း လက်လွတ်စပယ်မထားနဲ့။ "

"ကောင်းပါပြီး ဒယ်ဒီ။"

"အင်း"

ဂျေဒန်ဖုန်းချတော့မှ သူသက်ပြင်းချနိုင်သည်။ အရင်ဒီနိုကိုလဲ စိတ်ထဲ ကျိန်ဆဲမိပြီးသားပင်။

{[Host]}

"Innပြော"

{[ကျွန်တော်ပြောဖို့မေ့နေလို့ အခန်းထဲ CCTVတွေရှိတယ်ဆိုတာ}]

"မင်းအဖေက စောနလေးတင် ဖုန်းဆက်ပြောသွားပြီး"

{[ဒါဆိုလည်း သေချာဂရုစိုက် Host}]

"အင်း။"

{[ဒါနဲ့ ဘာတွေများသိချင်ပါသေးလဲ}]

My sugar Daddy(System)Where stories live. Discover now