W တစ်ယောက်Bossပွေ့ချီသည့် အတိုင်းပါလာချေသည်။ ထိုနောက် အိပ်ခန်း ကုတင်ပေါ်ချထားပေးကာ Bossတစ်ယောက်
ဆေးထည့်ပေးဖို့ ပြင်လိုက်သည်။ကနဦး ကျောပြင်က အရှိုးအရာ အချို့ကို ရေနွေးနွေးလေးနဲ့ သန့်စင်ပေးပြီး ရေခြောက်အောင်သုတ်ပြီးမှ ဆေးစတင်ထည့်ပေးလိုက်တော့သည်။
ဆေးရည်ကို နစ်၀င်နေအောင်သေချာပွတ်သပ်ပေးနေသည်။ ဖယောင်းစက်ချခဲ့သော လက်ဖဝါးအပေါ်လည်း ဆေးအေးအေးလေးလိမ်းပေးလိုက်သည်။
"ခဏနားလိုက်"
"ဟုတ်ကဲ့ Boss"
Bossဆေးပစ္စည်း အချို့ကို သိမ်းလိုက်ပြီး အခန်းထဲက ပြန်ထကာ သူအလုပ်ခန်းထဲကို ပြန်၀င်သွားချေသည်။
Wငေးကြည့်နေရုံကလွဲကျန်တာ မတတ်စွမ်းနိုင် ။ ဒီလူသားရဲ့ လူဖြစ်ရတာ ကောင်းခြင်း များစွာရှ်ိနေပေသည်။
Wတစ်ယောက် ဆက်မတွေးနေတော့ပဲ အိပ်စက်ခြင်းဆီကို ဦးတည်ကာ အိပ်ပျော်သွားချေသည်။
###_###_###_###_###_###_###_###_###_###_###_###_###_###_###_###_###_###_###_###_###_###_###_###_###_###_###_
ဒီနိုတစ်ယောက် အဖျားပျောက်ချင်စပြုနေပြီး ဖြစ်သော်လည်း ဂျေဒန်က သူကို အိမ်ပြန်မလွတ်သေးပဲ ဂျေဒန်အိမ်မှာသာနေစေချေသည်။
တစ်နေ့နဲ့တစ်နေ့ မပျင်းရအောင်ကော ကျန်းမာရေးရော အသေချာ ဂရုစိုက်ပေးနေသည်။
"Bae"
"ဗျာ ဒယ်ဒီ"
"တစ်ခုခုစားမယ် ထ"
"ဟုတ်။ "
ဆန်ပြုတ်ကို ဖြေးဖြေးချင်း ငုံသောက်နေသော ကောင်ငယ်လေးကို ကြည့်ပြီး
"Bae... ဘာစားချင်လဲ?"
"ဘာမှစားချင်စိတ်တော့မရှိပါဘူး။ ဒီတိုင်း ဒါပဲစားတော့မယ်"
"မင်းကို ကြည့်ရတာ ကိုယ်အားမရဘူး။ တစ်ခုခုဆို ပွင့်ပွင့်လင်းလင်းပြောလို့ရတယ်။ ရင်ဖွင့်လို့ရတယ်။ ကိုယ်ကို မင်းရဲ့ အကြံပေးဖော်လို အကိုတစ်ယောက်လို အဖေတစ်ယောက်လို အားကိုးလို့ရတယ်။မင်းဘေးမှာ ဘယ်သူမှမရှိဘူးလို့ မထင်လိုက်နဲ့ bae မင်းဘေး ကိုယ်ရှိတယ်။ "
ŞİMDİ OKUDUĞUN
My sugar Daddy(System)