Part -30

1.4K 79 13
                                    

Jilden နဲ့ နေ့လယ်ခင်းစကားဝိုင်းဟာ တောင်စဉ်ရေမရာနိုင်မည်ဟုထင်ထားသောလဲ လက်တွေ့မှာ အဲ့လိုတော့ မဟုတ်။ သာမန် သမီးရည်းစားပြောနေကြ စကားဝိုင်းနှင့်လဲ မတူပဲ သူငယ်ချင်း အချင်းချင်းပေါ့ပေါ့ပါးပါးပြောကြသည့်စကားဝိုင်းမျိုးပင်။

"Bae ဒီတစ်ပတ်ထဲကိုယ်နဲ့ အတူ မင်းပွဲတစ်ခုလိုက်တက်ရလိမ့်မယ်"

"ဘာပွဲလဲ ဒယ်ဒီ"

"လုပ်ငန်းဆိုင်ရာ ပွဲတစ်ခုပေါ့"

"အာ ကျွန်တော်တက်လို့ အဆင်ပြေ‌ပါ့မလား"

"ဘာကို အဆင်မပြေစရာရှိလို့လဲ Bae"

"အင်း ဒီတိုင်း"

ဒီနိုပွဲတွေတက်ရတာ သိပ်မကြိုက် အရင် ကမ္ဘာက ကျောင်းတုန်းကလဲ ကျောင်းတွင်း ဆွေးနွေးပွဲ လက်တွေ့တင်ပြပွဲတွေကလဲ ပါတနာနှင့်တွဲတက်ရသည်တို့ မိဘခေါ်တက်ရသည့် ပွဲတွေလူများနှင့်‌ ပျော်ပါးရသည့်ပွဲဆို အကုန်ရှောင်ဖယ်ရင်း အဆောင်မှာ စာကြည့်ရင်းသာကုန်ဆုံးတတ်သူပင်။ အခုကမ္ဘာတော့ ပွဲဟူသော အသံကြားလိုက်ရသည်မို့ ကိုယ်ယုံကြည်ချက် ကို တအားပျောက်ဆုံးနေဟန်သူ ခံစားလိုက်ရသည်။

ဂျေဒန်တစ်ချက် အကဲခတ်လိုက်ပြီး ဒီနိုအား

"ဘာတွေ ယုံကြည်ချက်ပျောက်နေတာလဲ  Bae"

"အဲ့လို မဟုတ်ပါဘူး ဒယ်ဒီ"

"ဒါဆို ဘယ်လိုလဲ?"

ဂျေဒန်လေသံအေးအေးနဲ့ မေးလာမှုအပေါ် ဒီနိုမှာ ပြန်ဖြေစရာအဖြေမရှိ သူကိုယ်တိုင် တကယ်ကို ပွဲဆို ယုံကြည်မှုပျောက်ဆုံးနေသည်ပင်။

"ကျွန်တော် ပွဲတွေ မတက်တာကြာလို့ အဆင်ပြေမယ် မထင်လို့ ဒယ်ဒီ"

"ကိုယ်မင်းဘေးမှာရှိနေမှာလေ ။ ဘာကို အဆင် မပြေစရာရှိမှာလဲ Bae "

"အဲ့တာက အဲ့တာက ကျွန်တော်မပြောတတ်ဘူး။"

"မင်းက သွက်လက်တက်ကြွပြီး ယုံကြည်မှုပြင်းထန်တဲ့ကောင်လေးတစ်ယောက်မဟုတ်ဘူးလား Bae"

ဒီကမ္ဘာက ဒီနိုက ဟုတ်ကောင်းဟုတ်နိုင်သောလဲ သူက ဒီနိုအစစ်မှမဟုတ်‌တာ။ သူမှာ ပြန်ဖြေစရာစကားရယ် အသေချာ မရှ်ိတော့ ခေါင်းငုံ့ရင် တွေးနေမိသည်။

My sugar Daddy(System)Where stories live. Discover now