Part-32

1.4K 80 7
                                    

Farley Lunaတစ်ယောက် သွေးစွန်းနေသည့် အင်္ကျီကို တစ်ချက်ကြည့်လိုက်ပြီး
ခပ်မဲ့မဲ့အသာပြုံးယူလိုက်သည်။

"စိတ်ရှုပ်လွန်းတယ်။ ငါအတွက် Subတစ်ယောက်ရှာထားပေး။ မိန်းကလေးဖြစ်ဖြစ် ယောင်္ကျားလေးဖြစ်ဖြစ် ပျော့တီးပျော့ဖတ်ဖတ်လေးတွေတော့ မခေါ်လာနဲ့"

"ဟုတ်ကဲ့မဒမ်"

ဘေးနားက အတွင်းရေးမှုး လဲ ပြာပြာသလဲလဲ ခေါင်းငြိမ့်ကာ ချိတ်ဆက် အေဂျင်စီကို အလျင်အမြန် ပြောလိုက်သည်။

Farley Lunaကတော့ ကာစီနို အပေါ်ဆုံးထပ်ရှိ အခန်းတစ်ခုကို သွားကာ ရေထပ်ချိုးဖို့ပြင်နေသည်။ ရေထပ်မချိူးခင် ဖုန်းတစ်ခုကို ခေါ်သော်ငြား တစ်ဖက် ချပစ်လိုက်သည်။

Farley Luna ဟက်ခနဲတစ်ချက်ရယ်လိုက်ပြီး

"သိပ် သတ္တိရှိနေတယ်"

ခပ်မဲ့မဲ့ပြုံးပြီး ရေချိုးခန်းထဲ၀င်သွားချေတော့သည်။

####_####_####_####_####_####_####_####_####_####_####_####_####_####_####_####_####_####_

နီးကပ်လာသည့် သင်တန်းကြောင့် မရိုးမရွဖြစ်ရသူမှာ Liamပင်။ သင်တန်းကာလအတွင်း ကိုကို နဲ့ မတွေ့ရမှာကို စိုးရိမ်နေသည်။

ကိုကိုစကားနားမထောင်မိတာ မှားပြီးလာတောင် သူတွေးမိသောငြား ကိုကိုအလုပ်ကို ပိုကူနိုင်မှာမို့ အောင့်အီးသာနေရချေသည်။

"ဘာဖြစ် ကလေး"

ကိုကိုရဲ့ လေသံအေးအေးလေကြောင့် Liam ကိုကိုရင်ခွင်ထဲ တိုး၀င်ကာ ကြောင်တစ်ကောင်လို ကပ်တိုးလေးချွဲကပ်နေတော့သည်။

"လူလောကကြီးက သိပ်ကြမ်းတမ်းတော့ မှာပဲကိုကိုရယ်"

ကိုကိုကတော့ သူကို လာချွဲနေသည့် ကောင်ငယ်လေးရဲ့ ဆံပင်ကို ပွတ်သပ်လိုက်ကာ ခပ်ဟဟ ရယ်လိုက်ချေသည်။

"လူလောကကြီး ဘာလို့ ကြမ်းတမ်းတော့မှာလဲ အစကတည်းက ကြမ်းတမ်းနေတာမဟုတ်ဘူးလား ကလေး?"

ကိုကိုရဲ့စကားကြောင့် Liamဆူဆူပုတ်ပုတ်နဲ့ထလာကာ ကိုကိုကိုကြည့်ပြီး

"ကိုကိုနဲ့ ခွဲရမှာမို့ စကားနဲ့ တင်စားပြောတာကို ကိုကိုကလဲ"

My sugar Daddy(System)Where stories live. Discover now