လူစီတစ်ယောက်အပန်းဖြေခွင့်ရသည်ဟု ခွင့်ပေးလိုက်သည့်နှယ် အထုတ်ပြင်ကာ တောင်တန်းတွေဆီ သို့ တောင်တက်ဖို့ ပြင်ဆင်နေတော့သည်။
ရခဲထားတဲ့ ခရီးသွားခွင့်လေးကို ကောင်းကောင်း အသုံးချကာ စိတ်ကြိုက်တောင်တက်ပစ်ဦးမည်။
အကိုဂျေက သူကို KRဆီသင်တန်းလွတ်ထားသောလည်း ခရီးကပြန်ရောက်မှတန်းသွားဖို့သာ သူစီစဉ်လိုက်တော့သည်။
သင်တန်းဟူသည်မှာလည်း သည်းခံတတ်ဖို့ရော ကိုယ်ခံပညာကော အပြင် အခြား အသေးအမွှားပညာရပ်တွေ သင်ပေးသောနေရာဖြစ်နေသည်။
သူတို့ အတွက် သင်တန်းသွားရခြင်းသည် နှစ်မျိုး ရှိသည်။ ပထမတစ်ခုဟာ မြေအောက် လှုပ်ရှားမှုအတွက်စနစ်တကျလေ့ကျင့်သင်ကြားသော သင်တန်းနှင့်
မြေပေါ် လူလုံးပြလှုပ်ရှားမှုအတွက် စနစ်တကျသင်ကြားသော သင်တန်းဖြစ်သည်။လောလောလတ်လတ်တွင်အကိုဂျေက သူကို ဘာတက်ရမည်ဟု ရာဇသံမပေးသေးသောလည်း (၃)လသင်တန်းမှာ နှစ်မျိုးလုံးပါအောင်သင်ရမည်မှာ အသေချာပင်ဖြစ်နေသည်။
လက်ရှိမှာ လူစီအနေနဲ့ ဘာမှမတွေးချင်။ တောင်တက်ဖို့ သာ ပြင်ဆင်ရင်း အချိန်ကုန်လိုက်တော့သည်။
###_######_######_######_######_######_######_######_######_######_######_######_######_######_######_######
ဆေးရုံးအခန်းထဲတွင် ပူးကပ်ကာ ရုပ်ရှင်ကြည့်ရင်း အချိန်ကုန်နေသော Bossထံ ဖုန်း၀င်လာသည်။ Bossတစ်ယောက် Wနဖူးကိုဖိကပ်နမ်းလိုက်ပြီး ဖုန်းပြောဖို့ထသွားချေသည်။
Bossတစ်ယောက် တစ်ဖက်လူရဲ့ အပြောကြောင့်မျက်ခုံးပင့်သွားကာ ခပ်ပြုံးပြုံးဖြစ်သွားပြီး
"နတ်ဆိုးDraven ခင်ဗျားရဲ့ subကို သေချာ trainingပေးတော့မယ်ပေါ့"
Bossတစ်ယောက် ခပ်ပြုံးပြုံးဖြစ်က တစ်ဖက်က အပြောစကားကို
"ကောင်းပြီး ကိုယ်မလုပ်ပေးနိုင်စရာဘာအကြောင်းရှိမှာလဲ။ လုပ်ပေးရမှာပေါ့ အကောင်းဆုံးအရာတွေနဲ့ ခင်ဗျားတို့ အကောင်းဆုံးဖြတ်သန်းရအောင်လုပ်ပေးမယ်။ ကောင်းပြီး ကိုယ်ဖုန်းချတော့မယ်။ လာတဲ့နေ့အေးဆေးဆုံတာပေါ့"
YOU ARE READING
My sugar Daddy(System)