Part 11

3K 190 22
                                    

Luciတစ်ယောက် သူအလုပ်ခန်းထဲ ဟိုလျှောက်လိုက်ဒီလျှောက်လိုက်နဲ့ ပြာပန်းခတ်နေသည်။

အလုပ်ကိစ္စ ခေါင်းမီးတောက်ရသည့်အပြင်
သူအခြားကိစ္စပြသနာကပါ သူကို မီးတောက်စေသည်။

အကိုဂျေသွားပြောပြန်ရင်လည်း သူအဆူခံရနိုင်သည်။

စိတ်ရှုပ်ရှုပ်နဲ့သာ ပစ္စည်းပုံးမ စာရင်းစာရွက်တွေ လက်ကညပ်ကာ သူတာ၀န်ကျေအောင် အရင်လုပ်ရမည်။

အကိုဂျေနဲ့သူနဲ့တွေ့ဆုံခဲ့ရသည်မှာလည်း တကယ်ထူးဆန်းသလို အကိုဂျေက သူကို မွေးစားညီ အဖြစ်သတ်မှတ်ကာ သူရဲ့စည်းစနစ်အောက်ကြား‌တွင်နေစေခဲ့သည်။

အကိုဂျေ Domတစ်ယောက်ဖြစ်သည်ကို သူပဲအရင်သိခဲ့သလို အကိုဂျေအတွက် Sub ရှာပေးခဲ့ရသည်မှာလည်းသူပင်။

အခုတော့ သူရှာပေးစရာမလိုပဲ Subတစ်ယောက်ရသွားပြီးမို့ သူအတွက် အပူအေးပြီးထင်ပါသောလည်း အပူမအေးနိုင်ပဲ အလုပ်ပတ်ရှုပ်စေသည်။

ကားသည် ဒီနိုအိမ်အရှေ့ထိုးရပ်လိုက်ပြီး လူခေါ်လ်ဘဲကို တီးလိုက်သည်။

Dino Andrewဟူသော နာမည်ကို သူကြားဖူးသည်။ မဟုတ်မှ ဟိုမာနခဲလေးလား။

ဒီနိုတစ်ယောက် ဟိုလုပ်ဒီလုပ်ရှိနေစဉ် အိမ်ရှေ့က တံခါး ဘဲလ်တီးသံကြောင့် အနည်းငယ်ကြောင်အသွားသည်။

Wကို ဒီနိုရဲ့ မိဘအကြောင်းတွေမေးဖို့ ခွင့်မဖန်သေးတော့မမေးဖြစ်သေးချေ။ ဒီနိုနဲ့ ပတ်သတ်တဲ့သူတွေ လည်း သူသိပ်မသိချေ။

Wကလည်း ခဏofflineဖြစ်နေတော့ မထူးဟုဆိုကာ မထူးဇာတ်ကလိုက်တော့မည်ဟု ဆုံးဖြတ်ကာ တံခါးသွားဖွင့်လိုက်သည်။

ဒီနိုတံခါးဖွင့်တော့ Shirtအဖြူ style Pant အညိုလေး၀တ်ထားတဲ့ ဆံပင်ခပ်အုပ်အုပ် အရပ် မရှည်တရှည်ကောင်လေးတစ်ယောက်ဟာ ကတ်ထူးပုံးကိုင်ပြီး သူကို ပြုံးပြနေသည်။

"အကိုလေး~"

Luciစကားပင်မပြောရသေး

"ဘာပစ္စည်း မှ မကြေငြာပါနဲ့ မ၀ယ်ဘူး လစ်!"

"ဟမ်။အကိုလေး ကျွန်တော် အရောင်းသမားမဟုတ်ဘူး။ အကိုဂျေ လွတ်လိုက်တဲ့သူ"

My sugar Daddy(System)Where stories live. Discover now