Part-26

1.6K 108 12
                                    

လူစီပြလာသော သူကို ကြည့်ပြီး ဂျေဒန် ခဏတာ အံ့ဩမိသွားသည်။ ထိုနောက် စိတ်ထဲကလဲ

(ဒီကောင် လူရွေးမှားပြီး)

မပြောချင်သေးတာကြောင့် ‌ဂျေဒန်တစ်ယောက်

"မဆိုးပါဘူး။ အသိုင်းဝိုင်တစ်ခုထဲက လူတစ်ယောက်ဖြစ်နိုင်တယ်"

"ဟုတ်တယ်။ Business Womanဖြစ်မယ်ထင်တယ်။ "

"အမှန်ပဲပေါ့ အဲ့လိုပုံပဲ။"

"ဒါနဲ့ သူနာမည်က Farleyတဲ့။နာမည်က မိန်းကလေးထဲ ရှားမှရှားနာမည်မျိုး"

"နာမည်က တစ်မျိုးလေးပဲ"

"ခရီးပန်းလာတယ်မလား။ သွားနားဦး။"

"ဟုတ် သွားနားလိုက်ပါဦးမယ်။ ဒါနဲ့ လက်ဆောင်ည‌နေကျမှ ပေးတော့မယ်။"

"ဟုတ်ပြီး အခုမင်းသွားနားတော့"

"ဟုတ် အကိုဂျေ"

အကိုဂျေသူကို ပထုတ်လိုက်ပြီး စာကြည့်ခန်းထဲ၀င်သွားချေကာ ဖုန်းနံပါတ်တစ်ခုဆီဆက်လိုက်သည်။ တစ်ဖက်ကအသံသည် ခပ်အေးအေးရှိနေသောညား မာန်ပါနေသေးကာ ခပ်မတိုးမကျယ်ထွက်လာချေသည်။

"Hello ~Tylor"

"Farley Luna ~မင်းက တကယ်ကို ညှို့အားပြင်းချက်ပဲ"

"ဘာလို့တုန်း?"

"ငါ့ညီ မင်းကို တော်တော်ဖြစ်နေပြီး?"

"မင်း ညီ?"

Farleyတစ်ယောက် ဂျေဒန်တစ်ယောက် စကားကို အူကြောင်ကြောင်ဖြစ်နေဟန်ဖြစ်နေသည်။

"Luci "

"ဪ တောင်တက်သမားလေး"

Farleyတစ်ယောက် အမှတ်ရသွားကာ သံရှည် ဆိုလိုက်သည်။

"ဆိုပါဦး"

"မင်းအကြောင်းပိုသိချင်နေတယ်တဲ့။ မင်းသင်တန်းလာရင်သေချာ အကြောင်းပြလိုက်ပါဦး Farley"

Farleyဟာ ညင်သာစွာရယ်ပြီး ဂျေဒန်အား

" တို့ကို မင်းက ကလေးတစ်ယောက်ကို အနိုင့်ကျင်စေချင်နေတာလား Tylor"

" အနိုင့်ကျင့်။ ကိုယ်အဲ့လိုသဘောမဟုတ်ပါဘူး။ ဒီတိုင်း သေချာစောင့်ရှောက် အကြောင်းပြခိုင်းရုံပါ"

My sugar Daddy(System)Where stories live. Discover now