Part 28

1.5K 98 8
                                    

Shopping Day!!

မနက်စာကို အပြီးသတ်ပြီးသည့်ပန်ကန်းဆေးခြင်းများနဲ့ အိမ်သန့်ရှင်းရေးအနည်းငယ်လုပ်နေကြသည်။ ထိုနောက် သင်တန်း အတွက် လိုအပ်ရာများကို
ကိုကိုက Liamအတွက် စာရင်းပြုစုနေသည်။
Liamကို အိမ်ထဲတွက် လက်ရှိလိုအပ်နေတာကို စာရင်းတစ်ခုလုပ်ထားခိုင်းပြန်သည်။

Liamတစ်ယောက် အိမ်အတွက်လိုအပ်မည့်ပစ္စည်းစာရင်းများအထပ်ထပ်ခါခါဖြည့်ထားနေသည်။

"ကိုကို"

"အင်း ကလေး"

"ဒီမှာပါ အိမ်မှာ လက်ရှိလိုအပ်နေတဲ့ စာရင်းပါ။"

"အင်း။ချထား။ရော့ဒီမှာ မင်း သင်တန်းအတွက်လိုအပ်လောက်မယ့် ပစ္စည်း၀ယ်စာရင်း ။ အဲ့ထဲမှာ အိမ်မှာရှိနေတယ် ထပ်၀ယ်စရာမလိုတဲ့ ပစ္စည်းကို အိတ်ထဲ ကြိုထည့်ထားမယ်။ "

"ဟုတ် ကိုကို။"

"ကိုကို အိတ်တစ်ခုပေးမယ်။ အဲ့အိတ်ထဲ ၀င်အောင် အကုန်ထည့်ရမယ်။ "

"ဟုတ်ကဲ့ ကိုကို။"

"ပြီးရင်ရေချိုးထား။ ကိုကို အလုပ်တစ်ခု အပြီးသတ်ပြီး ရေချိုးပြီးရင် shoppingထွက်ကြမယ်"

"ဟုတ်ကဲ့ ကိုကို။Liamကို အခုလိုပြင်ဆင်ပေးတာ ကျေးဇူးတင်ပါတယ်ဗျ"

ကိုကိုပြုံးပြလိုက်ကာ

"အခုတော့ အိမ်ကနေထည့်မယ့် ပစ္စည်းတွေသွားထည့်ထားတော့ ကလေး"

"ဟုတ်ဟုတ်"

ကိုကို ပါးကို လှမ်းနမ်းကာ Liamအခန်းထဲက‌ နေ ပြေးထွက်သွားတော့သည်။ ကိုကိုကတော့ ပြုံးစစဖြင့်သာ အလုပ်လုပ်ရင်း ကျန်ခဲ့တော့သည်။

###_###_###_###_###_###_###_###_###_###_###_###_###_###_###_###_###_###_###_###_###_###_###_###_###_##

လူစီတစ်ယောက် ခရီးက ပြန်ရောက်ပြီး အထုပ်ကို သေချာ လျှော်ဖွတ်တဲ့ဆီ အပ်ပြီးနောက် နောက်သင်တန်းအတွက်ဆိုင်မည့် အထုပ်ကို ပြင်နေတော့သည်။

လူစီတစ်ယောက် သူကွန်ပြူတာဆီသွားကာ ပုံတစ်ပုံကို Printထုတ်လိုက်သည်။ထိုနောက် တစ်ကိုယ်ထဲ ကြားလောက်သည့် အသံဖြင့်

"ဘေးတိုက်အပြုံးဟာ လူကို အကြိမ်ကြိမ် ရင်ခုန်စေမိပါတယ်။ ‌နောက်ဆုံးတော့ အချစ်စစ်ကို ရှာတွေ့ခဲ့ပြီး" ဟု ရေရွတ်လိုက်တော့သည်။

My sugar Daddy(System)Where stories live. Discover now