Part (37)

814 48 15
                                    

Wတစ်ယောက်အပြစ်ပေးခံရခြင်းပြီးဆုံးသွားသည့်ခိုက် after care session တွင်သေချာအနားယူနေတော့သည်။

Boss ကလည်း သူကို သိပ်အလုပ်မခိုင်းဘဲ ခဏတာ အနားယူစေတော့သည်။
ထိုသို့သောနေ့ရက်များက သူကို ဟာတာတာဖြစ်စေကာ တစ်ခုခုလိုအပ်နေသည်ဟုခံစားစေရတော့သည်။

Wသည်သေချာပေါက် အလုပ်ဂျပိုးမဟုတ်သော်ငြား အလုပ်မရှိရင် ပျင်းရိတတ်သော သူဖြစ်ပြန်သည်။ Boss လည်း ဒီရက်ပိုင်းအလုပ်များပုံပေါ်သည် အခုထိအရိပ်ယောင်ပင်မတွေ့ရသေးသည်မို့ အနည်းငယ်လွမ်းသယောင်ရှိနေတော့သည်။

"Hello My little World."

Boss၏ အသံကြောင့် Wစာရေးခုံကနေ အပြင်သို့ကြည့်နေခိုက် လှည့်ကြည့်ကာ အပြေးဖက်မိတော့သည်။

"Boss.."

"လွမ်းနေတာလား။"

ဩဇာအပြည့်နဲ့နားထောင်ကောင်းသည့် Bossအသံဟာ သူနားစည်ထဲ ငြင်သာစွာ၀င်လာတော့သည်။ Bossဟူသည်မှာ သူ၏ မူးယစ်ဆေးလိုပင်။

"သတိရတာပေါ့။"

"After Care ကာလမှာကောင်းကောင်းအနားယူရဲ့လား။"

Bossရဲ့စကားကိုသူခေါင်းလေးငြိမ့်ပြလိုက်သည်။

"အနားယူတာပေါ့ Bossရ။ ဒါနဲ့လေ Boss အလုပ်တွေများနေတာလား။"

"မဟုတ်ပါဘူး။ကိစ္စကြီးတစ်ခုလုပ်ပေးနေရလို့ပါပဲ။ အနားယူတာအားအင်ပြည့်ပြီးဆို‌ရင် မနက်ဖြန်ကစပြီး စလုပ်ရမယ့် အချိန်ဇယားအသစ် ကိုယ်ရေးပေးထားတယ်။"

Boss သူအိတ်ထဲက Tablet ကိုထုတ်ကာ Wလက်ထဲပေးလာတော့သည်။ Tabletထဲက အချိန်ဇယားကို ဖတ်ကြည့်မိတော့အနည်းငယ်ပင်ဆွံ့အစေသည်။

မနက်ခင်း လေ့ကျင့်ခန်း၊ နေ့လယ်ခင်း စာကြည့်ချိန်နဲ့ ညခင်း လေ့လာချိန်ဟူသော အကန့်ခွဲတွေအောက် Wလုပ်ရမည့် နေ့စဉ်ကိစ္စများကို ရေးသားထားတော့သည်။

"အဲ့မှာပါတဲ့ ဘယ်အချက်တွေက မင်းမလုပ်နိုင်ဘူးလို့ထင်လဲ။"

Bossရဲ့ အမေးကို သူလက်လွတ်စပယ်မဖြေရဲပါချေ။ သေချာစဉ်းစားရန် အချိန်တစ်ခုယူလိုက်ပြီးနောက် Wသေချာသည့် အဖြေတစ်ခုပေးလိုက်တော့သည်။ထိုစကားကို Bossစိတ်များဆိုးလေမလားဟူသော စိုးရိမ်စိတ်အနည်းငယ်ရှိပြန်သည်။

My sugar Daddy(System)Where stories live. Discover now