"ကိုကို လွန်မယ်နော်"
"ဘာကို လွန်မှာလဲ စတောင်မစရသေးဘူး။ ကိုယ့်ကောင်လေးကို ကိုယ်က သင်တန်းကလေ့ကျင့်ခန်းတွေကို သင်တန်းမစခင် ကိုယ်ဖိ ရင်ဖိသင်ပေးမှာ "
ကိုကိုတစ်ယောက်နာရီကို ငုံ့ကြည့်လိုက်ပြီးနောက်
"အကြောလျှော့ထား အခု"
"ဟင်"
"ဟင်မနေနဲ့ အခု စ အကြောလျှော့ထား"
"ဟုတ် ကိုကို"
ကိုကိုတစ်ယောက် သူကို မမှိတ်မသုန် စိုက်ကြည့်ကာ ပြောလာသောကြောင့် သူအချိန်မဆွဲနိုင် ခပ်သွက်သွက်ထကာ အကြောလျှော့နေရတော့သည်။
သူကလဲသူပါပဲ အေးဆေးနေလို့ရတာကို သွားမွှေမိတာ အခုတော့ ကိုယ် ပြသနာ ကိုယ် ဒုက္ခနဲ့ ကိုကို သူကို မညှာမတာ လုပ်တော့မှာကို သိနေပြီး။
"ပြေးဖို့ က ဒီချိန်မကောင်းတာမို့ ဒိုက်ထိုးမယ်။ အကြိမ်အရေက မင်းမခံနိုင်တော့တဲ့ အထိ"
"ဗျာ"
"စပြီး စတော့ အချိန်မဆွဲနဲ့။ မင်းမခံနိုင်တော့ရင် safe wordအော်ပြီး ရပ်ပိုင်ခွင့်ရှ်ိတယ်။ အေး ဆယ်ကြိမ်လောက်ထိုးပြီး safe wordအော်ပြီးရင် ဘယ်လိုလာမလဲ သိတယ်နော် Liam!"
ကိုကိုက သူအတွေးသိနေဟယ်ပြောနေတာကြောင့် သူကြောက်အားပိုသွားသည်။ ကိုကိုဟာ ပြောတဲ့ အတိုင်း အပြစ်ပေးမှာ အသေချာပင် ။
"မင်းအရင်တစ်ခေါက်ထိုးနိုင်တာ အခါ ၁၀၀ မလား? အဲ့ထက် ပိုထိုးနိုင်လဲရတယ်။ မင်းအရင် စံချိန်အောက်လျော့ပြီးထိုးမယ်ဆို သိတယ်မလား"
"ဟုတ် ကိုကို ။ကျွန်တော် အခုပဲ ဒိုက်စထိုးပါတော့မယ်"
ထပ်မံ ဟိုလုပ်ဒီလုပ် စလုပ်ပြီး ဒိုက်စထိုးဖို့ စလုပ်တော့သည်။ အစပိုင်း သွက်သွက်လက်လက်ထိုးနိုင်သောလည်း တစ်၀က်ရောက် အလိုလိုထုံကျင်ကာ ခြေမခိုင်ဖြစ်ကာ ထိုးချက်ဟာ နှောင့်နှေးလာသည်။ ပြုတ်ကျသွားလိုက် ပြန်ထလိုက်နဲ့ ထိုးလိုက် ပြုတ်ကျလိုက်နဲ့ သံသရာဟာလည်နေတယ်။ ကိုကိုစကားတွင် ပြုတ်ကျရင် အစက ပြန်မှတ်မပါတာကြောင့် ပြုတ်ကျသွားသောလဲ နဂို မူလ ထိုးနေတဲ့ နံပါတ်ကိုသာ မှတ်ရင်း ဆက်ထိုးနေလိုက်သည်။
YOU ARE READING
My sugar Daddy(System)