ချက်ပြုတ်ဖို့အတွက် ပစ္စည်းများကို ကိုယ်တိုင်ရွေးနေသော Boss။သူဘေးက Wကလဲ Bossလုပ်သမျှ တွန်းလှည်းကို တွန်းရင်း ကြည့်နေသည် ။
ထိုနောက်
"Boss"
"အင်း W"
"ကျွန်တော် ဟိုဘက်နားက လက်လုပ်ပစ္စည်းလုပ်တဲ့ အတန်းခဏသွားချင်လို့"
"မင်းလိုချင်တာရှိလို့လား"
" အဲ့လိုရယ် မဟုတ်ပေမယ့် သွားကြည့်ချင်လို့"
"ကိုယ်နဲ့ အတူတူ သွားမယ်"
ရွေးလက်စကို တွန်းလှည်းထဲထည့်ကာ အဲ့ဘက်ဆီသို့ ဦးတည်မိခိုက်။
"ဟေ့ W"
Liamရဲ့ အသံဆာဆာဟာ အရှေ့မျက်နှာကနေ ထွက်လာသည်။Wခမျာ
"အမလေး"
ဟုပင်တ မိသွားသည်။ ဘေးကBossကလဲ
"ဈေး၀ယ်လာတာလား ?"
"ဟုတ်တယ် BM။ သူ Campusဝင်ဖို့လိုတာ လာ၀ယ်တာရော ။ အိမ်အတွက် ပစ္စည်းလာ၀ယ်တာရောပေါ့"
Bossမျက်ခုံးပင့်တက်ကာ Liamကိုကြည့်မိသွားသည်။ ထိုနောက်
"မင်းရဲ့လူက တကယ်စံပဲ"
ဘေးက Wက Liamနဲ့စကားပြောနေရင်း Bossကို တစ်ချက်ကြည့်မိသွားသည်။
"W နေကောင်းသွားပြီးလား။"
"သက်သာပါပြီး။ ကျွန်တော်ကို ဆေးရုံပို့ခဲ့ပေးတာ ကျေးဇူးပါ"
"ရပါတယ် ရပါတယ် အေးဆေးပေါ့။ မင်းက တကယ် ချစ်စရာကောင်းတဲ့ကောင်လေးပဲ"
"အယ်"
ဟုတ်ပါသည် ။ Liamနှင့်W သည်အရပ်သာ မတိမ်းမယိမ်းကွာသော်လည်း ပုံပန်းသွင်ပြင်ယှဉ်ကြည့်လျှင် Liam ဟာညကလေးဆန်သည့် အမူအကျင့်ရှိသော်ငြား သူထက် ယောက်ျားလေးပိုဆန်ကာ သန်မာသည်ဘက်သွားနေသည် ။
ကိုကိုကနေ Bossအား
"Wတောင် ပြန်ထူထူထောင်ထောင်ဖြစ်နေပြီးပဲ"
"အင်း။ဒီရက်ပိုင်းစည်းကမ်းပြန်ကျပ်လိုက်ရတာကို။ "
"ဒါနဲ့ ဒီတစ်ခေါက်သင်တန်းကို ဟိုတစ်ယောက် လာထရိန်းမယ်ဆို"
YOU ARE READING
My sugar Daddy(System)