Part-15

2.3K 182 21
                                    

Wတစ်ယောက် ၀မ်းတွင်း ဆန္ဒပြချေပြီး။ သူ မနေ့က မဆင်ခြင်စားမှုကြောင့် သူဒုက္ခရောက်ချေပြီး။

ဆေးရှာဖို့ အိပ်ခန်းအနှံ့သွားသော်လည်း ဘာဆေးမှမတွေ့ချေ။

ချွေးစေးများပြန်ကာ မေ့လဲ ချင်သလိုလို ပင်ဖြစ်လာသည်။ အိမ်အောက်ထပ် bellတီးသံကြောင့် Wတစ်ယောက် ‌ယိုင်နဲ့နေသည့်ကြားကနေ ဆင်းကာ တံခါးသွားဖွင့်လိုက်သည်။

"ဟေ့"

ဟုသော အသံနဲ့အတူ ထိုသူရှေ့Wမေ့လဲသွားသည်။

"ဟ!"

Liamတစ်ယောက် ဟ ဟု အော်မိကာ ချက်ချင်းထွေးပွေ့ထူလိုက်ကာ သူကားပေါ်တင်ပြီး ဆေးခန်းပြေးရတော့ချေသည်။

"ကိုကိုရေ Wမေ့လဲလို့"

ဟုလည်း ဖုန်းဆက်ကာ လှမ်းသတော်ဦးတင်ရပြန်သည်။

ကိုကို ခေါ်BMကတော့ နားထင်ကြောကို ဖိကပ်ပြီး

"ငါရှင်ချင်တယ်" ဟုသာ ခပ်ဖွဖွရေရွတ်လိုက်သည်။

#####_____#####_____#####_____#####_____#####_____#####_____#####_____#####_____#####_____#####_____#####___

BMတစ်ယောက်လဲ Liamခေါ်သော ဆေးခန်းကို ပြေးလိုက်ရသည်။ သူ(W)သခင်သာသိရင်
အကုန်မိုးမီလောင်မည့် အပေါက်ပင်။

အကြောဆေးသွင်းထားသောကြောင့်ကုတင်ပေါ်တွင် အပူပင်ကင်းစွာမေ့မျောနေနေချေသည်။

W အပူပင်ကင်းစွာ မေ့မျောနေသောလည်း အပူမကင်းနိုင်သူမှာ BM နဲ့ Liamပင်။

"ကောင်လေးကတော့ သေတွင်းရောက်တော့မယ်"

ဟုသာ BM ခပ်ဖွဖွရေရွတ်လိုက်တော့သည်။

#####_____#####_____#####_____#####_____#####_____#####_____#####_____#####_____#####_____#####_____#####___

Bossတစ်ယောက် လုပ်ငန်းကို သူထင်ထားထင် မြန်မြန်လက်စသတ်နိုင်သည်။ မြန်မြန်လက်စသတ်နိုင်သလို အပေးအယူလဲ မြန်မြန်ပြီးသွားတာကြောင့် သူစိတ်ချလက်ချမြန်မြန်ပြန်လို့ရသည်။

ဒါကြောင့် ညတွင်းချင်းပဲ တုံ့ဆိုင်းနေချင်းမရှ်ိပဲ သူ ကမ္ဘာဆီပြန်လာလိုက်တော့သည်။

ပြန်ရောက်ရောက်ချင်း အိမ်အရင်မပြန် ၀ယ်စရာရှိတဲ့ အရာတစ်ချို့ကို ၀ယ်ပြီးမှပြန်ဖို့ ဆုံးဖြတ်ထားလိုက်သည် ။

My sugar Daddy(System)Onde histórias criam vida. Descubra agora