Part -16

2.2K 153 13
                                    

W တစ်ယောက် ရက် ဘယ်နှစ်ရက်ကြာမေ့မျောနေမှန်းမသိ။ Wမေ့နေသည်တစ်လျှောက် bossက အနားတွင်နေကာ ခေါင်းစခြေအဆုံး ပြုစုပေးနေသည်။

"မြန်မြန်သတိမရလာသေးဘူးလား"

လို့ ဆရာ၀န်ကို မေးတိုင်း ဆရာ၀န်က

"လူနာက နဂိုအားနည်းဓာတ်ခံရော။ဆေးအရှိန်ကြောင့်ရော သတိရဖို့ တော့ စောင့်ရပါ့မယ်"

လို့ပြန်ပြောတိုင်း စိတ်ကို ဒေါသဖြစ်နေသော စိတ်ကို အနည်းငယ်ထိန်းချုပ်ကာ Wဆိုသော ကောင်လေးကို တဆိမ့်ဆိမ့်ကြည့်ပြီး

"မင်းကတော့ ကိုယ်ကို စိတ်ပူအောင်လုပ်နိုင်ဆုံးလူသားပါပဲ"

လို့ ခပ်ဖွဖွရေရွတ်မိလိုက်သည်။

##_##_##_##_##_##_##_##_##_##_##_##_##_##_##_##_##_##_##_##_##_##_##_##_##_##_##_##_##_##_##_##_##_##_##_##_

နီးကပ်လာသော Playroom၀င်ဖို့ ရက်နဲ့အတူ ဒီနိုတစ်ယောက် စတင်ရင်ခုန်စိတ်လှုပ်ရှားနေခဲ့ချေပြီး။

တဒိတ်ဒိတ်ခုန်နေသော ရင်ဘတ်အစုံကို ဖိကပ်ချပြီး စိတ်ကိုသာ ပြင်ဆင်ထားလိုက်သည်။

သူ ဒီ ကမ္ဘာမှာ တကယ်ပျော်မွေ့နေပြီးလားသူကိုယ်တိုင် ဝေခွဲမတတ်။

ကုတင်ပေါ်ပစ်လှဲချပြီးနောက် အတွေးနယ်ကို တစ်ဆုံး ပြန့်လွင့်နေသည်။

တိတ်ဆိတ်နေသော အခန်းငယ်ထဲ ဖုန်းသံဟာ ဟီးခနဲမြည်ထွက်လာသည်။

ဂျေဒန်သူကို ဖုန်းခေါ်ခဲ့ချေပြီး။

ဒီနို ဖုန်းကိုင်လိုက်ပြီး

"HELLO DADDY"

"ပြင်ဆင်သင့်တာ ပြင်ဆင်ထားတော့ ညနေခြောက်နာရီ လာခေါ်မယ်။Bae "

"ဟုတ်ကဲ့ ဒယ်ဒီ"

"အင်း လိမ်မာတယ်"

ဂျေဒန်ဖုန်းချသွားသည့်နောက် ဒီနို ရေချိုးခန်းထဲ၀င်ကာသန့်စင်ရေမိုးချိုးပြီး အစိတ်အပိုင်းတိုင်းကို သန့်ရှင်းအောင်‌လုပ်နေချေသည်။

ဂျေဒန်က သူကို လုံလောက်သည့် အချိန်ပေးထားတာမို့ သူ အေးဆေး လုပ်လို့ရသည်
တစ်ဖြေးဖြေးချင်းသာ တစ်ခုချင်းဆီကို လုပ်နေလိုက်သည်။

My sugar Daddy(System)Where stories live. Discover now