Part-35

1.8K 90 20
                                    

Punishment type. Rude words include.

------------------------------------------------------------------------------------------

"ဒီနို အန်ဒရူး ။ လူစီတိုင်လာ?"

ဟူသော အသံဩဩကြောင့် နှစ်ဦးသားလှည့်ကြည့်မိခိုက်

"What the f*ck Daddy!"

"Oh my god Bro!"

ဂျေဒန်ကို အလန့်တကြားကြည့်လာသော လူနှစ်ယောက်ကို ဂျေဒန်မျက်မှောင်ကြုတ်ကာ ကြည့်လိုက်မိသည်။

စာကြည့်ခန်းမှာ အလုပ်လုပ်ပြီးပြီးချင်း laptop ကနေ‌ Cctvကိုတစ်ချက်စစ်နေတုန်း ရင်နှီးတဲ့ ပုံရိပ်နှစ်ခုက စီစီတီဗီ မမြင်ကွယ်ရာ ချောင်ဘက် တစ်နေရာကို ထွက်သွားတာကို မြင်လိုက်ရသည်မို့ ထွက်ကာ လိုက်ကြည့်စဉ် မြင်လိုက်ရသည့် မြင်ကွင်းကြောင့်ဂျေဒန်ဒေါသထွက်မိသွားသည်။

အသက်ကလေးတွေက ဘယ်အရွယ်မို့ ဆေးလိပ်သောက်နေရတာလဲ ?

အထူးသဖြင့် လူစီ သင်တန်းက မကြာခင်ပဲသွားရတော့မှာကို ဆေးလိပ်မဖြတ်နိုင်ဖြစ်နေသည်ကို ဂျေဒန်ဒေါသထွက်မိသည်။

နောက်တစ်ယောက် ဒီနို သူ ဒီနိုဆေးလိပ်သောက်တတ်သည်ကို အမှန်တကယ်မသိခဲ့ချေ။ဒီနို အနေနဲ့ဒီအချက်တွေ မပြောပြသည်မို့ Dom တစ်ယောက် အဖြစ်နဲ့ ပေါ့ဆမှုလို့ ဂျေဒန် သူကိုယ်သူ သတ်မှတ်မိသွားသည်။

ဂျေဒန်တစ်ယောက် အံ့ကိုကြိတ်ထားရင်း

"မင်းတို့ နှစ်ယောက်လုံး လက်ထဲကဆေးလိပ်ကုန်တာနဲ့ ဧည့်ခန်းထဲလာခဲ့!"

ဂျေဒန်ရဲ့ အံ့ကြိတ်ထားသော လေသံသည်
ဒေါသဘယ်လောက်ထိန်းထားရကြောင်းပေါ်လွင်နေသည်။ လူစီတစ်ယောက် လက်ထဲက ဆေးလိပ်ကို လွတ်ချမတတ်ဖြစ်မိသလို ဒီနိုမှာလဲ ပြေးရမလား၊ အနောက်ကလိုက်ရမလားနဲ့ မျောက်သစ်ကိုင်းလွတ်သလိုပါဖြစ်ချင်လာသည်။

ဂျေဒန်ကတော့ သူမျက်နှာ အနေအထားကို ထိန်းလိုက်ကာ ဧည့်ခန်းဆီ ပြန်ထွက်သွားချေတော့သည်။

ဂျေဒန်တစ်ယောက် ဧည့်ခန်းထဲမှာခြေချိတ်ထိုင်ရင်း ဒေါသကိုဖြေလျော့နေသည်။
ကုပ်ချောင်းချောင်းနဲ့၀င်လာသော လူစီနဲ့ဒီနိုကိုမြင်သည်နှင့်

My sugar Daddy(System)Where stories live. Discover now