Part-36

1.3K 67 16
                                    

Punk 2မိနစ်ထောက်ဟူသောစကားသည် သူကိုအလွယ်လေးစခိုင်းသည်ဟု Wထင်မိလိုက်သည်။သို့သော် လက်တွေ့ စထောက်ပြီးပြီးချင်း ၁၀စက္ကန့်စွန်းစွန်းအချိန်တွင် လက်သည် မခိုင်ချင်သ‌ယောင်စဖြစ်လာသည်။

အခြေအနေကို ရိပ်မိဟန်တူသော ဘော့စ်သည် ခုံတစ်ခုပေါ်ထိုင်ရင်း သူကျောပေါ်ကို ခြေထောက်တင်ကာ အောက်ကို ဖိချလိုက်သည်။

"တောင့်ခံထား"

ထိုစကားသည် သူကို ပိုပြီး ပြိုင်းကျစေလာသလို သူကိုလည်း အားတစ်ခုဖြစ်စေ‌ နေသည်။

(တကယ်ပါပဲ ဘော့စ်ဘာဖြစ်ချင်နေတာလဲ။)

သူအတွေးလေးတွေးမိကာ ကြိုးစားပမ်းစား ထောက်နေတော့သည်။၁မိနစ်‌ကျော်ကျော် Punk ထောက်နေသည့်ခိုက် လက်တို့ဟာ အရက်သမားတစ်ယောက် အရက်မသောက်ရသေးသည့် အနေအထားတုန်ယင်နေသည်။

ဘော့စ် ကျောပေါ်တင်ထားသည့် ခြေထောက်တို့ဟာ ပိုပြီးလေးလာသယောင် သူကိုယ်တိုင်လဲ အောက်ကို ကွေးညွှတ်ကြလာသလို ဖြစ်လာတော့သည်။

Bossသူကို စစချင်း လေ့ကျင်မှုမှာတင် သူကို စိတ်ကုန်စေတာမျိုးမဖြစ်စေချင်သည်မို့ ကွေးညွတ်မကျအောင် စိတ်ကို တင်းမာန်ထားသည်။

၂မိနစ်ဟူသော အချိန်သည် သာမန်အချိန်မှာ မကြာသောလည်း လက်တွေ့မှာတအားကုာရှည်နေသည်မို့ မြန်မြန်ပြီးရန်ဆုတောင်းလိုက်တော့သည်။

"၂မိနစ်ပြည့်ပြီး"

ဘော့စ်ရဲ့ နား၀င်ချိူလှသော အသံဟာ သူနား‌ထဲ၀င်ရောက်လာကာ ကျောပေါ်ဖိတင်ထားသော ခြေထောက်ကို ဖယ်လိုက်တော့သည်။

"Position ဖြုတ်တော့ ပြီးတော့ ဒူးထောက်နေ"

အေးဆေးတည်ငြိမ်သော လေသံသည် အမိန့်အာဏာ အပြည့်ဖြင့် လွှမ်းမိုးနေသည်။

Wလည်း အမြန် ဖြုတ်လိုက်ကာ ဒူးလေးကို အသာယာလေးထောက်မိတော့သည်။

"ဘယ်လိုလဲ လက်တွေ ခံနိုင်ရဲ့လား"

ဘော့စ်သည် သူမူပိုင်အတိုင်း ခပ်အေးအေးပြောကာ ပြောနေတော့သည်။

"မခံနိုင်ဘူး တုန်နေတယ်"

"ဒါဆို လေ့ကျင်မှုက ဆက်လို့ဖြစ်ပါ့မလား?"

My sugar Daddy(System)Where stories live. Discover now