Part-27

1.5K 106 8
                                    

Liamတစ်ယောက် ညလုံးပေါက် ပေါက်မုန့်တိုက်ပွဲဆင်နွဲပြီး နွမ်းလျကာ ကိုကိုရင်ခွင်ပေါ် ကပ်တွယ်ကာ အိပ်ပျော်နေသည်။

အိပ်ပျော်နေသော အကောင်ငယ်လေးကို တစ်ချက်ငေးကြည့်ပြီး ကိုကိုတစ်ယောက်ပြုံးမိသား။

Liamလည်း သူလို sideနှစ်ဖက်နဲ့သူမျိုးပင်။ သူရှေ့ကလေးဆန်ဆန် ဂျစ်ကျသလောက် တာ၀န်ရှိချိန်တွင် အမဲမလိုက်ရတာ ကြာသော ကျားတစ်ကောင်ဖွယ် မာန်အပြည့်နဲ့ တိုက်ခိုက်ချင်စိတ်အပြည့်ပင်။

LiamကိုသူSubအဖြစ်ရွေးချယ်ထားရတာ ကိုကို အတွက်နောင်တ တရားဟူသည် မရှိ။
ထိုကောင်လေးကို သူကာကွယ်မည်။ သူမကာကွယ်နိုင်တော့ရင် ထိုကောင်လေးက
သူကို ပြန်ကာကွယ်ပါမည်သည်။

ကိုယ်ပေါ်ကပ်တွယ်နေသော ကောင်လေးရဲ့ ဆံနွယ်များကို ထိုးဖွလိုက်ပြီး ငုံနမ်းကာ

"မြတ်နိုးမိပါရဲ့"

မျက်လုံးတစ်ဖက်ကို ကလေးတစ်ယောက်လို လက်ညှိုးလေးတစ်ပွတ်ပွတ်နဲ့ နိုးလာသော Liamကို ကြည့်ပြီး ကိုကိုတစ်ယောက် အသည်းတယားယားဖြစ်လာကာ ပါးပြင်ကို ခပ်ဖွဖွလေးနမ်းလိုက်သည်။

"ကဲ Liamထမျက်နှာသစ်တော့။ မနက်စာစားမယ် "

"ပေါင်မုန့်!"

"ဟောဗျာ ။ညကတစ်ညလုံးစားထားတာ မ၀သေးဘူးလား"

"ကိုကို ကျွန်တော်ပြောတာ ရိုးရိုး ပေါင်မုန့်။ ကိုကို‌ နော်။ ဘာတွေတွေးနေတာလဲ"

"ကိုယ် စတာ ။ သွား ထမျက်နှာသွားသစ်။ ကိုယ်လည်း မျက်နှာ လိုက်သစ်မယ်"

"ဟုတ် "

အ၀တ်မကပ်သေးသော ကိုယ်လေးကို တစ်ဘတ်တစ်ထည်နဲ့ Liamပိုင်းပြီး ရေချိုးခန်းထဲ ပြေး၀င်သွားချေသည်။ ကိုကိုလည်းအိပ်ယာ ဘာညာသိမ်းပြီး ရေချိုးခန်းထဲကို တစ်ဘတ်ပိုင်း တစ်ထည်နဲ့ လိုက်၀င်လိုက်သည်။

နှစ်ဦးသား မျက်နှာတူတူသစ်ပြီး ပေါ့ပါးမည့် အ၀တ်တစ်ထည်ကို ၀တ်ဆင်ပြီးအောက်ထပ်နံနက်စာ စားဖို့ဆင်းလာချေသည်။

Liamကို ရေတစ်ခွက်ဦးစွာသောက်စေလိုက်သည်။ ထိုနောက် နွားနို့ခွက်လဲချပေးထားသည်။ ကိုကို ကိုယ်တိုင်လဲ ရေတစ်ခွက်အရင်သောက်ပြီး မနက်စာ ပြင်ပေးနေသည်။

My sugar Daddy(System)Where stories live. Discover now