ဘယ်သူသိမလဲ လူသတ်တရားခံကဘယ်သူလည်းဆိုတာ?
ကျနော် ရေချိုးပြီးပြီးချင်း တပတ်ကစ်ထည်ကိုခါးမှာပတ်ပြီးထွက်လာလိုက်တယ်။အဝတ်ဝတ်မယ်ဆိုပြီး ယူတုန်းရှိသေး ဝင်လာတဲ့ ဆောနူ hyung။သူ့ဘာသာသူ ဘာပြောသွားလည်းမသိ။အမြန်ပြင်ဆင်ပြီး အောက်ထပ်ကိုဆင်းလာလိုက်သည်။
ဒုတိယထပ်ရောက်တော့ ကျနော့်ကို လှေကားအောက်မှာ ထိုင်စောင့်နေတဲ့ အကောင်ပေါက်လေး။နေဦး ကျနော်အခု ကျနော့်ထက်ကြီးတဲ့သူတစ်ယောက်ကို အကောင်ပေါက်လို့ တွေးနေတာလား?
{--------------------------------------}
ညစာစားနေတုန်း ဘာမှမပြောဖြစ်။
သို့သော် ကိုယ့်ဘာသာကိုယ်တောင် သတိမထားမိဘဲ ဆောနူhyungအခန်းထဲ လိုက်ဝင်သွားမိသည်။ဆောနူ hyung စားပွဲပေါ်မှာတင်ထားတဲ့ ရုပ်ပုံကားချပ်နဲ့ နှစ်ယောက်တူတူ ရိုက်ထားတဲ့ပုံတစ်ပုံ။အမြတ်တနိုးသိမ်းထားတဲ့ ပုံလေး2ပုံပျောက်သွားလို့ ပူပင်သောကရောက်နေတာ တကယ်တမ်း ဆောနူ hyungအခန်းထဲ ရောက်နေတာပဲ။
အချိန်အတန်ကြာ စိုက်ကြည့်မိသွား၍ ထင်သည် ဆောနူဆီက ကြားလိုက်ရတဲ့ မေးခွန်းတစ်ခု။
"Nikiဒီပန်းချီကားက ဘယ်နှခုနှစ်ကတည်းကလည်း?မင်းဆီမှာ ဘာလို့ရှိနေတာလည်း?မင်းဒီပန်းချီကားအကြောင်း တစ်ခုခုတော့ သိတယ်မလား?"
"ဆောနူရယ် အများကြီး တပြိုင်တည်း မေးတော့ကျနော်ကဘာဖြေရမှာလည်း?Jake hyungအကြောင်းရော စိတ်ဝင်စားသေးရဲ့လား?"
"အာဟုတ်သားပဲ"
"ဒီနေ့တော့နားလိုက်တော့"
"Inn"
{--------------------------------}
Nikiထွက်သွားပြီး ရင်ထဲ ကုလားဘုရားပွဲလှည့်နေသလိုပဲ။nikiကိုရှက်နေမယ် ထင်တာသူက မရှက်တဲ့ အပြင်ကိုယ်က ပြန်ရှက်နေတယ်။သူ့မျက်နှာကိုမြင်တာနဲ့ မျက်နှာက ခရမ်းချဥ်သီးဖြစ်သွားတာ။ရင်ထဲလည်း အမြဲတမ်းဗလောင်ဆူနေတာ။တက္ကသိုလ်တုန်းကသူ့ကိုငြင်းခဲ့မိတာ ဝဍ်ပြန်လည်တာထင်ပါတယ်။တွေးရင်း မျက်နှာကရဲတက်လာလို့ စောစောအိပ်လိုက်တယ်။အိမ်မက်ထဲထိ လိုက်လာတဲ့ ကောင်လေးကို ကျိန်ဆဲရင်းပေါ့။
{------------------------------------------}
"ဒါက ဘာအဓိပ္ပာယ်လည်း?"
"တွေ့တဲ့အတိုင်းပဲ"
ကောင်လေးနှစ်ယောက် စကားပြောနေတဲ့နေရာက ဂိုထောင်ဆိုတာထက် လူသတ်ရုံဆိုပိုမှန်မှာပေါ့။အလောင်းတွေကတော့ လက်စဖျောက်လိုက်လို့ မတွေ့ရတော့ပေမယ့် အကျဥ်းထောင်လို သံတိုင်တွေနဲ့ အခန်းတွေက ဘေးနှစ်ဖက်မှာ အပြည့်။သူတို့နှစ်ယောက်အရှေ့မှာတော့ သတင်းထဲမှာပါလာတဲ့ jake ဆိုတဲ့ကောင်လေး။သွေးအိုင်ထဲတွင်။
"မင်းမှားမယ်နော်"
"ကျနော် ဘာလုပ်လုပ် ဆိုင်လား?"
"ဆိုင်လို့ပြောနေတာပေါ့!
ငါ မင်းအကိုမို့လို့ ပြောနေတာနော်!"
"ဟက်
မယားပါသားကများ"
"မင်း!"
"ထိုးလိုက်လေ
ကျနော်ကလည်း ငြိမ်ခံနေမယ်ထင်လား?
ပတ်ဂျုံဆောင်း?"
"ငါ့ကို ဂျုံဆောင်းလို့ မခေါ်နဲ့လို့ ဘယ်နှခါပြောရမှာလည်း?"
သိတာပေါ့ အကိုက ဂျုံဆောင်းလို့ ခေါ်တာမကြိုက်မှန်း။နောက်ဆို Jay လို့ပဲခေါ်ပါ့မယ်။ခုကဆက်ပြီး အငြင်းမပွားချင်တော့လို့ပါ။
{-------------------------------------}
ဒါဒါလေး အရှည်ကြီးဆို ပျင်းနေမှာစို့လို့😁
(တကယ်တမ်းကသာသာ$ပျင်းကြီးလို့ပါ)
အာသာလို့တောင်ခေါ်လို့မရတဲ့ပေါက်စရေးတာကိုဖတ်ပေးလို့ကျေးဇူးတင်ပါတယ်။
#💀⚡June⚡💀
23.8.2021
YOU ARE READING
Behind You ‼️(completed)
Fanfictionငါ့မျက်နှာကို တည့်တည့်ကြည့် ငါ့မျက်လုံးတွေကို စိုက်ကြည့်ပြီး လှပတဲ့ အလိမ်အညာတွေပြော Idol imageထိခိုက်စေလိုခြင်းလုံးဝလုံးဝမရှိပါ။
