ဆောနူ မနက်ခင်းမှာထလာတော့ 4နာရီသာရှိသေးသည်။niki ကိုဒီနေ့လာရင်းကိစ္စကြောင့် သွားစရာရှိလို့ ပြောထားသည်။ယခုလည်းစောစောထပြီး သွားရန်ပြင်နေတယ်။လာရင်းကိစ္စက ဘယ်သူ့ကိုမှ ပြောပြမထား။အလွန်ဆုံးပြောရရင် မိမိရဲ့ အဖေအရင်းကိုတောင် လိမ်ထားတာလေ။
white T shirt လေးနဲ့ Jeansကို လိုက်ဖက်စွာဝတ်ဆင်လိုက်တယ်။သိတယ်မလား Kim Sunooဆိုတဲ့ ကျနော်က ဘာဝတ်ဝတ် လိုက်ပြီးကြည့်ကောင်းတယ်လေ။ဆောင်းတွင်းမနက်ခင်းဆိုတော့ အအေးဓာတ်ကြောင့် jacket တစ်ထည်ထပ်ဝတ်လိုက်တယ်။
အိမ်ထဲကထွက်လာပြီး ကားကိုစတင်ထွက်ခွာဖို့ ပြင်ဆင်လိုက်တယ်။မနက်စာကတော့ မစားတော့ဘူးလေ။တစ်နပ်လောက် မစားလို့ သေသွားမှာမှမဟုတ်ပဲ။
{----------------------------------------}
နာရီဝက်လောက်မောင်းပြီး ရောက်လာတဲ့ ဂိုထောင်တစ်ခု။အထဲမှာလည်း ကောင်လေး1ယောက်နဲ့ ကောင်မလေး2ယောက်။အခြေအနေကလည်း ကောင်းသည်မထင်။မျက်လုံးနှစ်ဖက်လုံးကို အဖုံးခံထားရတဲ့ကောင်မလေး2ယောက်က မျက်မမြင်နဲ့မခြား။ကောင်လေးကတော့ အောင်နိုင်သူတစ်ယောက်လို ပြုံးနေပြီး တစ်ယောက်သော သူအလာကိုစောင့်နေသည်။
"ဂျောင်ဝန်းနား ငါနောက်ကျသွားလား?"
"နောက်မှပြောမယ်
ခုတော့ဒီ2ယောက်ကို ကျနော် လက်စသတ်လိုက်ရမလား hyung လက်စသတ်မလားပြော"
"ငါလက်စသတ်လိုက်မယ်
မင်းအလောင်းဖျောက်လိုက်"
"Ok"
သေနတ်သံ2ချက်အပြီးမှာ လူ့လောကထဲက လူအရည်အတွက် 2ယောက်လျော့သွားတော့သည်။ကိစ္စအကုန်ပြီးတော့မနက်6နာရီ။
"ပြောပါအုန်း
ဒီ2ယောက်ကဘာလုပ်လို့လည်း?"
"Park Jayကိုလိုက်ကြောင်နေကြတာလေ"
"ဝိုးးးးးးးး
မင်း crush ကိုထိတော့ ဒီလိုမပြန်လမ်းကိုသွားရတယ်ပေါ့
ဟိုက မင်း crush အဆင့်ပဲရှိသေးတယ်
ရည်းစားအဆင့်သာ ရောက်သွားရင် တစ်နေကုန်ထိုင်နှိပ်စက်နေမလားပဲ"
YOU ARE READING
Behind You ‼️(completed)
Fiksi Penggemarငါ့မျက်နှာကို တည့်တည့်ကြည့် ငါ့မျက်လုံးတွေကို စိုက်ကြည့်ပြီး လှပတဲ့ အလိမ်အညာတွေပြော Idol imageထိခိုက်စေလိုခြင်းလုံးဝလုံးဝမရှိပါ။
