Chapter. 10 .

416 67 1
                                        

အတူရှိနေတဲ့ အခိုက်အတန့်လေးတွေကို ကောင်းတဲ့အမှတ်တရလေးတွေ အနေနဲ့ မှတ်ထားလို့ရရင်ကို ကျွန်တော်ကျေနပ်ပါပြီ

"Hyungကရော ကျွန်တော်သေရင် ငိုမှာလား?"

အချိန်အတော်ကြာအောင် ဆောနူဘက်မှ ဘာမှပြန်မပြောဖြစ်။အတွေးလွန်နေသည် ထင်။

"ထင်သားပဲ....စဥ်းစားရ တော်တော်ခက်နေတယ်မလား"

"..."

ထိုအချိန်တွင် အချိန်ကိုက် ရွာချလာသော မိုးများ။nikiက မိုးရေထဲပြေးသွားပြီး ဆော့နေလေသည်။ဒီလိုကျ ကလေးလေးတစ်ယောက်လို။အပူအပင်ကင်းတဲ့ ကလေးလေးတစ်ယောက်။
ဆောနူ niki နားသို့လျှောက်သွားပြီး..

"Nikiငါ.."

"ဘာမှမဖြစ်ပါဘူး ကျွန်တော်အဆင်ပြေတယ်"

"မင်းက တကယ်သဘောကောင်းတာပဲ"

"ကျွန်တော်က သဘောကောင်းတာ မဟုတ်ဘူး
ဆောနူဖြစ်နေလို့..ဆောနူဖြစ်နေလို့ကို ဘာဖြစ်ဖြစ် အပြစ်မမြင်ရက်တာ"

"..."

"ပြီးတော့ လက်ရှိအချိန်လေးမှာပဲ
ဒီအချိန်လေးမှာပဲ အတူရှိနေတဲ့ အခိုက်အတန့်လေးတိုင်းကို အမှတ်တရကောင်းလေးတွေပဲ
ဖန်တီးချင်တယ်"

Nikiလှမ်းလာတဲ့ လက်တစ်ဖက်။မသိစိတ်ရဲ့ စေခိုင်းမှုကြောင့် ဆုပ်ကိုင်လိုက်မိသည်။ပြီးတော့..မိုးရေထဲမှာ ပြေးလွှားနေရင်း...ချစ်ရသူရဲ့လက်ကိုဆုပ်ကိုင်ရင်း။

ပြေးလွှေားနေရင်း ရယ်မောပြီး ပျော်ရွှင်နေကြတဲ့ ကောင်လေးနှစ်ယောက်။အပူအပင်ကင်းစွာပင်။

အချိန်ကို ဒီမှာပဲ ရပ်ထားလိုက်ချင်တယ် hyung။ဒါဆိုကျွန်တော် အတ္တကြီးလွန်းရာကျသွားမလား?

{_______________________________}

"ငါးပေါင်မုန့်2ခု"

"တော့ပိုကီ2ပွဲ"

Nikiမှာပြီးတော့ ဆောနူဘက်သို့လှည့်လာပြီး

"အိမ်ပြန်ရောက်မှ စားမလား
ဒီမှာပဲ စားမလား"

"အိမ်"

ကားအနက်ရောင်လေးကို တောကြီးဘက်သို့ ဦးတည်ပြီး မောင်းလာလိုက်လေသည်။

Behind You ‼️(completed) Where stories live. Discover now