3 years later...
ခုဆို သုံးနှစ်တောင် ကြာခဲ့ပြီ။ကြားထဲမှာ အခြေအနေတွေလည်း အများကြီးပြောင်းလဲသွားခဲ့ပြီ။Junwonက USAကို ပညာတော်သင်သွားနေပြီး ထင်ထားတဲ့အတိုင်း Jayကလည်း Mr. Parkဆုံးသွား၍ အဲ့က main companyကို သွားစီမံနေရသည်။ရှင်းရှင်းပြောရရင် Jungwonတို့နှစ်ယောက်က ဟိုမှာသာယာနေပြီပေါ့။koreaကို ပြန်မလာတော့ဘဲ အပြီးအခြေချနေတော့မယ်ပြောတယ်။ကိုယ်ကလည်း တစ်ခါတစ်လေ အလုပ်ကိစ္စနဲ့သွားရရင် ဝင်တွေ့တော့ Kim...အဲ Park Jungwonတို့က koreaကို ပြန်တောင်မလာတော့။အဖေက ခုကိုယ့်ကို ကုမ္ပဏီကို လွှဲပေးလိုက်ပြီ။အသက်ကြီးပြီမို့ အနားယူချင်လို့ ထင်ပါရဲ့။ပြီးတော့...Niki။သူက..
"CEO Kim"
"CEO Kim"
"CEO Kim!!"
အတွေးစတွေမှာ အာပြဲကြီးနှင့်လာခေါ်နေသော hanbinကြောင့် ပြတ်သွားရသည်။ကိုယ့်ထက်ကြီးသော်လည်း သူငယ်ချင်းပေါင်းပေါင်းသောကြောင့် hyungထည့်မခေါ်။အရင် Jake hyungရဲ့ အတွင်းရေးမှုးနေရာကို ယခု hanbin ကိုပေးလိုက်တာ မှားလားတောင် ထင်ရသည်။super vocal hanbinလို့ ခေါ်ကြတာ အလကားမဟုတ်။
"ဖြည်းဖြည်းအော်ပါဟ
ဒီက နားကွဲတော့မယ်"
"ခေါ်နေတာကြာနေပြီ ပြန်မှမထူးတာ
ပြီးတော့ နောက်3ရက်နေရင် USA ကို Park groupနဲ့ ပူးပေါင်းပြီး လုပ်ဆောင်မယ့် project အကြောင်း သွားဆွေးနွေးရမယ်
မနက်ဖြန်လည်း အရေးကြီး meeting ရှိပြီး ဒီနေ့ကတော့ နေ့လည် 2နာရီမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေကို သွားတွေ့ရဦးမယ်"
"Scheduleကဒါပဲလား"
"Nae"
"ဒီနေ့ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေ တွေ့ဖို့က ငါ့ဘာသာသွားလိုက်မယ်။မနက်ဖြန်အတွက်လည်း သေချာပြင်ဆင်ထား။USAကိုသွားဖို့ လေယာဉ်လက်မှတ်လည်း ကြိုဖြတ်ထားလိုက်။ဘာမှမရှိတော့ရင် သွားလို့ရပြီ"
Hanbinထွက်သွားတော့ ဝင်လာတဲ့ notiလေးနဲ့အတူ လင်းလာတဲ့ lock screen လေး။
"ဆောနူဒီနေ့အားလား😁👉👈"
"မအားဘူး niki
ဒါနဲ့ မင်းခုဂျပန်မှာပဲလား🙄"
"မဟုတ်ဘူး
Koreaရောက်နေတာ😁
ရောက်တုန်းလေး ဆောနူကို တွေ့ချင်လို့ကို စိတ်ချည်းပဲ:("
YOU ARE READING
Behind You ‼️(completed)
Fanfictionငါ့မျက်နှာကို တည့်တည့်ကြည့် ငါ့မျက်လုံးတွေကို စိုက်ကြည့်ပြီး လှပတဲ့ အလိမ်အညာတွေပြော Idol imageထိခိုက်စေလိုခြင်းလုံးဝလုံးဝမရှိပါ။
