Chapter. 6 .

490 76 3
                                        

ခမ်းနားလှတဲ့ အိမ်ကြီးတစ်အိမ်ထဲက အခန်းတစ်ခန်း။အခန်းက အဖြူရောင်ဆေး သုတ်ထားသော်လည်း ပရိဘောဂများနှင့် အသုံးအဆောင်များကမူ အကုန် black။အခန်းပိုင်ရှင်ကတော့ J groupရဲ့ဆက်ခံသူ Park Jay။တနည်းပြောရရင် ကျနော်ပေါ့။အခုတလော အလုပ်ကိုအကြောင်းပြပြီး အခန်းထဲက အခန်းပြင် မထွက်ဖြစ်ပေ။တကယ်တော့ ဆောင်းဟွန်းနဲ့ စကားများထားလို့ဆိုရင် ပိုမှန်လိမ့်မည်။ဒီနေ့က စနေနေ့ဖြစ်တာကြောင့် ကျနော့်ဆီကို အမြဲလာနေတဲ့ ကောင်လေး လာမယ်ထင်ပါတယ်။သူက မင်ဟိုနဲ့လည်းရင်းနှီးပြီး တွဲဖက်ကုမ္ပဏီပိုင်ရှင်ရဲ့ သားငယ်လည်း ဖြစ်တာကြောင့် အိမ်ကို အဝင်အထွက်ရှိတယ်လေ။စနေနေ့နဲ့ တနင်္ဂနွေနေ့တိုင်း လာတတ်တယ်။ကျောင်းသားဆိုတော့ အဲ့2ရက်ပဲအားလို့လေ။

"Jay hyung"

တွေ့လား
သူလာမယ်လို့ ထင်သားပဲ။ဒီတစ်ခေါက် ဘာအကြောင်းပြချက် ပေးဦးမလည်းမသိ။

"Lessonတစ်ခု နားမလည်လို့
အဲ့တာ......"

"မင်ဟိုနဲ့ ဆောင်ဟွန်းကို မေးလိုက်လေ
ကိုယ် အလုပ်ရှုပ်နေလို့"

"Jay hyung က အမြဲအလုပ်ရှုပ်နေတာပဲ
တော်ပြီခေါ်တော့ဘူး ဒီလူကြီးကို"

"အဲ့လိုလည်း မဟုတ်ပါဘူး ဂျောင်ဝန်းနီးကလည်း
တကယ် အလုပ်ရှုပ်နေလို့ပါ"

"......"

အခန်းထဲက ထွက်သွားတဲ့ ကိုယ်ငယ်လေး။လှုပ်စိလှုပ်စိနဲ့ ထွက်သွားတာလေးကပင် ချစ်စရာကောင်းနေသယောင်။




















{--------------------------------------------}

ဆောနူ မနက်က ဂျောင်ဝန်နဲ့ ပြောခဲ့တဲ့ကိစ္စကို ပြန်တွေးနေမိတယ်။မေ့ပစ်ထားတဲ့ ကိစ္စတစ်ခု။ခုအစပြန်လာဖော်တဲ့ အချိန်မှာတော့ပြန်သတိရလာတယ်။အပြင်မှာ မိုးတွေသဲသဲမဲမဲရွာချလာတယ်။အဲ့နေ့ကလည်း ဒီလို သဲသဲမဲမဲရွာနေခဲ့တာပေါ့။ဒီတိုင်းအိမ်ကြီးထဲမှာနေရတာ မွန်းကြပ်လာတော့ အပြင်ကို ထွက်သွားလိုက်မိတယ်။မိုးကတော့ အညိုးကြီးစွာရွာချနေတယ်။ကိုယ်ကတော့ မိုးရေထဲမှာ ဒီတိုင်းလျှောက်သွားနေတယ်။ဘာလို့ဒီလို လျှောက်သွားနေတာလည်းဆို ရေရေရာရာ အကြောင်းပြချက်လည်းမရှိ။ကိုယ်ဒီလိုနေနေလို့ စိတ်ပူပြီး လိုက်ရှာပေးမယ့်လူ မပြောနဲ့ ပျောက်နေတာတောင် သိချင်မှသိမှာ။
ကြာလာတော့ ချမ်းလာပြီး တုန်လာတယ်။နောက်တော့ လဲကျသွားတယ်။ကျနော် မိုးရွာတာကိုကြိုက်ပေမယ့် မုန်းသွားခဲ့ရတဲ့ နေ့တစ်နေ့ အကြောင်းကို ပြန်စဥ်းစားနေရင်းနဲ့ပေါ့။မကြာခင် လောကကြီးက အမှောင်ကျသွားပြီး အတိတ်က နေ့တစ်နေ့ဆီ ပြန်ရောက်သွားသလိုခံစားလိုက်ရတယ်။








Behind You ‼️(completed) Where stories live. Discover now