Chapter. 20 .

298 51 0
                                    

ဘယ်သူမှမသိခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ရှိခဲ့တယ်ဆို ယုံမလား?















{_______________________________}

"Jung..Jungwon!"

လဲကျနေသော Jungwonမှာ မျက်ရည်ပေါက်လေးများကျနေသည်။နှုတ်ခမ်းကလည်းတုန်ရီနေပြီး ထွက်လာတဲ့စကားတွေကလည်း ထစ်နေသည်။

"Hyung ဘာ..ဘာဖြစ်..တာ..တာလည်း
ကျ..ကျနော်သိတဲ့ဆောနူက ဒီလိုမဟုတ်ဘူး"

"Jungwon hyungရှင်းပြမယ်..စိတ်အေးအေးထား..အသက်ဝအောင်ရှူ"

Jungwonတည်ငြိမ်သွားမှ မိမိရဲ့ psychopathအကြောင်း ပြောပြရသည်။မေမေနဲ့ဖေဖေ့ကိုပြန်မပြောဖို့လည်း အထပ်ထပ်မှာရင်း။

"Hyungရာ အနည်းဆုံးကျနော့်ကိုတော့ ပြောမှပေါ့
ခဏကဝင်လာတာ ကျနော်မဟုတ်ဘဲအခြားသူဆို ဘယ်လိုလုပ်မလည်း"

"အဲ့ဝင်လာတဲ့လူ သေနေလောက်ပြီပေါ့..မြင်တဲ့သူတေရှိနေခဲ့ရင်လည်း ငါ့သေနတ်နဲ့ပစ်လိုက်ရုံပဲ"

"Hyung!!ဒီလောက်ထိ ဘယ်တုန်းကရက်စက်သွားတာလည်း"

"မင်းမသိဘူးလား?koreaတစ်နိုင်ငံလုံး တုန်နေအောင်ကြောက်ရတဲ့ Killer Nဖြစ်တဲ့ မင်းရဲ့အကိုက အရင်ကတည်းက ဒီလောက်ထိရက်စက်တာ"

"အဲ့တော့ခုဏကပြောသလို ဝင်လာတဲ့လူရော မြင်တဲ့လူရော ရှင်းလိုက်တယ်ဆိုပါတော့..အလောင်းတွေကို ဘယ်လိုလုပ်မှာလည်း"

ဆောနူပန်းရောင်ဆံနွယ်များအား တစ်ချက်ထိုးဖွလိုက်ပြီး ပြောလိုက်သည်။

"အဲ့ဒါတွေက ထည့်တွက်ပြီးသားပါ..ဒီ hotelကလည်း Kim groupအပိုင်လေ..လျှို့ဝှက်လမ်းတွေလည်း ထည့်မထားဘူးထင်လား?ပြီးတော့အဲ့လမ်းတွေကို ငါရယ်..ခုငါပြောပြလိုက်တဲ့ မင်းရယ်ပဲသိတယ်..ဆောက်တဲ့သူတွေကိုတောင် ရှင်းလိုက်ပြီ"

Jungwonမှာ နည်းနည်းတော့ အံ့ဩနေသော်ညား စေ့စေ့စပ်စပ်လုပ်တတ်မှန်းသိနေ၍ ခန့်မှန်းထားပြီးသားဖြစ်သည်။ကိုယ့်ဘာသာအတွေးနွံထဲနစ်နေတုန်း ဆောနူက ခေါ်လာသည်။

"Jungwon.."

အသံလာရာကို ကြည့်မိတော့ ဝရန်တာဘက်တွင် ဝိုင်သောက်နေသောအကိုဖြစ်သူ။ဝိုင်ကိုအရသာခံသောက်ပြီးမှ ပြောလာသည်။Jungwonကလည်း ထိုအချိန်ထိ အာစေးမိထားတဲ့လူလိုဘာမှမပြောဖြစ်။

Behind You ‼️(completed) Where stories live. Discover now