Chapter. 21 .

333 56 2
                                        

အကြင်မျက်ဝန်းတစ်စုံမှာ ကျရှုံးခဲ့သလို
အရင်ချစ်ခဲ့သူလည်း ဖြစ်တန်ရာသည်..။



{_______________________________}

Niki Entertainmentတွင်အလုပ်ရှုပ်နေတုန်း အတွင်းရေးမှုးKကဝင်လာသည်။Takiမိတ်ဆက်ပေးတဲ့ သူ့အကိုဖြစ်ပြီး အရည်အချင်းလည်းရှိတာကြောင့်ခန့်ထားခြင်း။

"ဘာကိစ္စရှိလို့လည်း"

"အဲ့ဒါက.."

မပြောသေးဘဲရပ်နေသော Kကြောင့် nikiသိလိုက်သည်။လုပ်ငန်းခွင်တွင်တော့ အတွင်းရေးမှုးနှင့် CEOလိုသာဆက်ဆံသော်ညား ပြင်ပတွင်တော့ ညီအစ်ကိုလိုဖြစ်ပြီး nikiက ပြောပြထားသောကြောင့် အကုန်သိနေသည်။

"Kim groupနဲ့ လက်တွဲလုပ်ရမှာရှိလို့လား"

"ဟုတ် TXTနဲ့ productထုတ်ဖို့ရှိတာရော...CEOသတင်းမကြည့်ဘူးလား?"

Kပြောတာနဲ့ ဖုန်းကိုတန်းထုတ်ကြည့်လိုက်တော့..

'Nishimura Entertainmentရဲ့ CEOနဲ့ Kim groupရဲ့ CEOဆက်ဆံရေး'

ဆိုတဲ့ခေါင်းစဥ်နဲ့ သူတို့ကျောင်းသားဘဝပုံတွေရော..လွန်ခဲ့တဲ့သုံးနှစ်ကပုံတွေရော။ထိုအချိန်ဝင်လာတဲ့ messageတစ်ဆောင်။

'Nikiမင်းလည်းသိပြီးပြီမလား USAမြန်မြန်လာခဲ့'

"အခုချက်ချင်းUSAသွားဖို့ လေယာဥ်လက်မှတ်ဝယ်လိုက်"

Kထွက်သွားတော့ ဖုန်းစခရင်ကိုကြည့်ပြီး ပြုံးလိုက်သည်။ခုတော့ငြင်းရမှာပေါ့။နောက်မှ confirmမယ်။အဲ့လိုဖြစ်လာအောင်လည်း လုပ်မှာမို့။စီးထားတဲ့ ပုခုံးလောက်ထိရောက်တဲ့ ရွှေဝါရောင်ဆံနွယ်တွေကိုကြည့်ပြီး ပြုံးလိုက်သည်။

ပိစိကသူ့ရွှေဝါရောင်ဆံနွယ်တွေကို ကြိုက်တယ်တဲ့။အရှည်ထားရင်ပိုကောင်းမှာဆိုလို့ လွန်ခဲ့သည့်3နှစ်ကစလို့ မညှပ်ဖြစ်။

နောက်ဆုံးတော့3နှစ်ကြာပြီး ပြန်တွေ့ရတော့မည်။ခုဆိုဘယ်လောက်ချစ်ဖို့ကောင်းနေမလည်း။အရပ်ကတော့ သူ့ရင်ဘတ်လောက်ပဲရှိမည်ထင်။3နှစ်အတွင်း6ပေ3ထိရှည်လာတာမို့။

(အရပ်ကတော့အပြင်ပနဲ့မဆိုင်!ဆံပင်ရှည်ကတော့ဆောနူကတကယ်ကြိုက်တာ💞)










Behind You ‼️(completed) Where stories live. Discover now