Chapter. 8 . Wrong❌

568 66 4
                                    

အမှားဆိုတာ ပြန်ပြင်လို့ရနိုင်တယ်မလား..?
ခုကနောက်ကျနေပြီ ဆိုပေမယ့်....

{_______________________________}

ဆောနူနိုးလာတော့ ည10နာရီ။
ဘေးနားက ကောင်လေးတစ်ယောက်က အိပ်ပျော်နေလေသည်။စားပွဲပေါ်က ကြက်ဥပြုတ်ပန်းကန်လေးကို ကြည့်မိတော့ nikiကသူ့အတွက် ယူလာတာဟုမှတ်ယူလိုက်သည်။သူ့ပေါင်ပေါ် ခေါင်းဦးပြီး အိပ်နေတဲ့ ကောင်လေးရဲ့ ရွှေအိုရောင် ဆံနွယ်လေးတွေက တစ်ချိန်က သူအရမ်းမြတ်နိုးပြီး အမြဲချောင်းကြည့်ခဲ့ရတဲ့ အရာတွေထဲကတစ်ခုပေါ့။

အတိတ်မှာ ပြိုကွဲခဲ့တဲ့ ယုံကြည်မှုကို အနာဂတ်မှာ ပြန်တည်ဆောက်နိုင်ပါ့မလား?


မကြာခင်ပဲ ပေါင်ပေါ်က ကောင်လေးက ထလာပြီး ပြုံးပြနေလေသည်။တစ်ချိန်က အမြဲမြင်ချင်ခဲ့သော....
'ယခုအချိန်မှာရော?'
လို့မေးလာလျှင် ခေါင်းသာခါပြလိမ့်မည်။
ကိုယ်တိုင်လည်း မသိပေ။
သူ့ရဲ့ပိုင်ရှင်ရှေ့မှာ အမြဲတမ်း လှုပ်ရှားနေတဲ့ နှလုံးသားလေးရဲ့ ခံစားချက်များကိုတော့ လျစ်လျူရှုထားမိပါသည်။

အိပ်ရာဘေးက ပြတင်းပေါက်လေးကို ထဖွင့်လိုက်တော့....
မိုးဖွဲဖွဲလေးရွာနေသေးတာကြောင့် ပတ်ဝန်းကျင်သည် စိုစွတ်နေလေသည်။မိုးစက်လေးတွေကြားက တိုးဝှေ့လာတဲ့ လေပြေလေးတွေကလည်း အေးချမ်းပြီး မြေသင်းနံ့လေးပင် သင်းနေသေးလေသည်။အချိန်အားဖြင့် 10နာရီ15မိနစ်။nikiတစ်ယောက်လည်း ဘယ်ရောက်သွားလည်းမသိ။

"ဆောနူ"

"အာ Niki...
လက်ထဲက?"

"ဆန်ပြုတ်လေ
ညနက်နေပြီဆိုပေမယ့် ဆေးသောက်လို့ရအောင် ဗိုက်ထဲအစာရှိမှ ဖြစ်မှာပေါ့
ပြီးရင်လည်း ဆေးသောက်ရဦးမယ်
#$@#$"

သူ့ရှေ့က သူ့ကိုစိတ်ပူပြီး ပြောနေတဲ့ ကောင်လေးကို ဆောနူတစ်ယောက် ငေးကြည့်နေမိသည်။နောက်ပိုင်းသူ ဘာပြောနေတာလည်းဆိုတာ မကြားတော့.....

"တော်ပြီ
ဒီကြက်ဥပြုတ်ပဲ စားလိုက်တော့မယ်
ငါကအစကတည်းက ဆန်ပြုတ်မကြိုက်ဘူး"

Behind You ‼️(completed) Where stories live. Discover now