ကျနော်မနေ့က ဈေးသွားဝယ်ရင်း အပြန်မိုးရေထဲမှာ လဲနေတဲ့ ကောင်လေးတစ်ယောက်ကို တွေ့ခဲ့တယ်။
သူက ကျနော်နဲ့ အသက်သိပ်ကွာမယ် မထင်ပါဘူး။
ဒါပေမယ့် ကိုယ်သေးသေးလေးက ပူကျစ်တောက်နေတော့ ကျနော် ပွေ့ချီလိုက်မိတယ်။
အနီးကပ်ကြည့််လိုက်မိတဲ့ အခါမှာ ပေါ်လာတဲ့
နှာတံလုံးလုံးလေး
ပြီးတော့မှိတ်ကျနေတဲ့ မျက်ဝန်းတွေရဲ့အောက်က မှည့်နက်လေး
ကော့စင်းနေတဲ့ မျက်တောင်လေးတွေနဲ့
မထူမပါးမျက်ခုံးလေး
နောက်ဆုံး အကြည့်ရောက်မိတဲ့ နှုတ်ခမ်းလေး
စတော်ဘယ်ရီရောင်လေးနဲ့ အရောင်မဆိုးပဲသဘာဝအတိုင်း လှနေတဲ့နှုတ်ခမ်းလေး
ရင်ဘတ် ဘယ်ဘက်ခြမ်းမှာရှိတဲ့ ခုန်ပေါက်နေတဲ့ အကောင်ပေါက်
နီခီရား စိတ်ထိန်းစမ်း!
မင်းကအဖြောင့်
မကွေးချင်စမ်းနဲ့
သို့သော် ထိုဆံနွယ်ဖြူလေးတွေနဲ့ ကောင်လေးဆီမှ အကြည့်မလွဲနိုင်သေးပါ
ယောက်င်္ကျားလေးတစ်ယောက်ကို လှတယ်လို့ပြောရင် မသင့်တော်ပေမယ့် မင်းကတော့ တကယ်ကိုလှပါတယ်။
တစ်ချက်တစ်ချက်ကြည့်မှ တစ်ယောက်ယောက်နဲ့ တူသလိုပဲ။
ဆောနူ hyung?😳
နေပါဦး hyungကဘာလို့ ဒီကိုရောက်နေတာလည်း?
ဘာပဲဖြစ်ဖြစ် အိမ်သိနေတာပဲ
မိဘတွေလည်းစိတ်ပူနေလောက်ရောပေါ့
{------------------------------}
မနက်ခင်းနေရောင်ခြည်လေးတွေ ကျနေတဲ့အခန်းတစ်ခန်း
အခန်းပိုင်ရှင်ကတော့ မနက်4နာရီလောက်ကတည်းက ထပြီး အဝတ်တွေ ထုပ်နေလေသည်။
မသိတဲ့လူကြည့်ရင် ခရီးသွားမလို့လို့ ထင်ရပေမယ့် မောဟိုက်ပြီး အလျင်လိုနေတဲ့သူ့ပုံစံ.....
မကြာခင်ပဲ အခန်းထဲကထွက်ခွာပြီး ကားပေါ်ရောက်သွားတဲ့ ကောင်လေး...
ကားရဲ့ဦးတည်နေတဲ့နေရာက...
မြို့ပြင်ကတောအုပ်ထဲ?
လူသိပ်မသွားတဲ့ တောအုပ်ထဲကို သွားရတဲ့အကြောင်းအရင်းက?
တောအုပ်ထဲ အတော်ကြာအောင် မောင်းပြီးမှရောက်လာတဲ့ စံအိမ်ကြီးတစ်ခု
အလွန်ကြာပြီး အိုဟောင်းနေပေမယ့်
စံအိမ်ကြီးရဲ့ ခမ်းနားမှုကိုတော့ မဖုံးကွယ်နိုင်ပါဘူး။
အထဲမှာလည်း လူနေနေဆဲအိမ်တစ်လုံးကဲ့သို့ သန့်ရှင်းနေပြီး ခမ်းနားနေတယ်။
"နောက်ဆုံးတော့လည်း ဒီကိုပဲရောက်တာပါပဲ"
ထိုကောင်လေးက TVကိုဖွင့်လိုက်တော့ တက်လာတဲ့သတင်းတစ်ခု...
YOU ARE READING
Behind You ‼️(completed)
Fanfictionငါ့မျက်နှာကို တည့်တည့်ကြည့် ငါ့မျက်လုံးတွေကို စိုက်ကြည့်ပြီး လှပတဲ့ အလိမ်အညာတွေပြော Idol imageထိခိုက်စေလိုခြင်းလုံးဝလုံးဝမရှိပါ။
