"စစ်သူကြီး!"
"စစ်သူကြီး!အမတ်မင်းရဲ့ သားငယ်လေ"
စစ်သူကြီးrikiကို တပ်သားတစ်ယောက်ပြေးလာပြီး အော်ပြောနေပုံအရ အရေးကြီးကိစ္စဖြစ်လိမ့်မည်။တပ်သားဟောင်းတွေကို ပြန်လေ့ကျင့်ပေးနေတုန်း တပ်သားသစ်များကိုစောင့်ရန် ထားခဲ့သောတပ်သားပြေးလာသည်အရ ပြဿနာဖြစ်လို့ပင်။
"Sunooဆိုတဲ့ တပ်သားသစ်လား?ဘာဖြစ်လို့လည်း?"
ဓားကိုဓားအိမ်ထဲပြန်ထည့်၍ စိတ်မရှည်စွာမေးလိုက်မိသည်။အမတ်မင်းသားက ခေသူမဟုတ်ပေ။တစ်နေ့တစ်မျိုးမရိုးရအောင် ပြဿနာရှာသူပင်။အပြစ်ဒဏ်ဘယ်လောက်ပေးပေး မထူးရေးချာမထူး ပြဿနာရှာတုန်းပင်။
အမတ်မင်းက သားငယ်ကိုစာပေလေ့လာပြီး မှုးမတ်တစ်ယောက်ဖြစ်လာစေချင်သော်လည်း စာပေဆိုလျှင် မိုင်တစ်သောင်းလောက်က ဝေးဝေးရှောင်တတ်တဲ့သားဖြစ်သူကြောင့် တပ်ထဲပို့လိုက်ခြင်း။
တပ်ထဲပို့လိုက်တော့လည်း တစ်နေ့တစ်မျိုး ပြဿနာတွေဖြရှင်းလို့ကိုမနိုင်။ဓားရေးလေ့ကျင့်ရင်း သူများကိုသွားခုတ်မိတာ၊မြားပစ်လေ့ကျင့်ရင်း အခြားတပ်သားတစ်ယောက်လက်မောင်းသွားမှန်တာ စသဖြင့် မရိုးရအောင်။
ဒါတောင် အရက်ခိုးသောက်တာနဲ့ ဖွန်သွားကြောင်တာမပါသေး။
"ဒီတစ်ခေါက်က စစ်သူကြီးကိုယ်တိုင်လာမှဖြစ်မှာပါ"
"ဘာပြဿနာရှာပြန်ပြီလည်း"
"ပြဿနာမဟုတ်ပါဘူး။စစ်သူကြီးလာကြည့်ရင် သိပါလိမ့်မယ်"
အချိန်ကိုကြည့်မိတော့ ညနေစောင်းနေပြီ။တပ်သားဟောင်းတွေလည်း လေ့ကျင့်ချိန်ကုန်ခါနီးပြီ။တပ်သားသစ်တွေလည်း အနားယူနေချိန်ရောက်လေပြီ။ဒါဆို ဒီတစ်ခေါက်က တကယ်ပြဿနာရှာတာမဟုတ်ဘူးလား?
"တပ်သားတွေ အနားယူလို့ရပြီ"
{_______________________________}
ဈေးထဲတစ်နေရာတွင် သံစဥ်တစ်မျိုး သဲ့သဲ့လေးကြားနေရသည်။လူဝိုင်းကြီးကလည်း ထိုသံစဥ်လေးကိုလာနားထောင်သည်ဖြစ်မည်။လူတွေကိုတိုးပြီး ရုပ်ဖျက်ထားတဲ့စစ်သူကြီး rikiဝင်လာတော့..
YOU ARE READING
Behind You ‼️(completed)
Fanfictionငါ့မျက်နှာကို တည့်တည့်ကြည့် ငါ့မျက်လုံးတွေကို စိုက်ကြည့်ပြီး လှပတဲ့ အလိမ်အညာတွေပြော Idol imageထိခိုက်စေလိုခြင်းလုံးဝလုံးဝမရှိပါ။
