Chapter. 19 .

338 57 1
                                        

2017ခုနှစ်။

"ဒီနေ့က ဟွန်းနီးနဲ့ ဒီကယွန်းနီးရဲ့ ပထမနေ့နော်"

"ဟုတ်ပါပြီဗျာ"

"ဟွန်းနီး..နောက်အသက်တွေကြီးသွားတဲ့အထိ ချစ်သွားကြမယ်နော်"

"ဟုတ်ပါပြီဗျာ..ယွန်းနီးက ကိုယ့်ကို ထားမသွားရဘူးနော်"

"ထားမသွားပါဘူး promise🤘"

Forget me notပန်းခင်းကြီးထဲက ကောင်လေးနှစ်ယောက်က ဆက်ဖြစ်လာမည့်အရာတွေကို မသိစွာပဲ ပျော်ရွှင်နေခဲ့ကြတယ်။အပြုံးနှစ်ပွင့်ကလည်း ပန်းတွေထက်ပင် ပိုလှပနေခဲ့တယ်။forget me notတွေရဲ့ အဓိပ္ပါယ်ကိုသိလားယွန်းနီး။ထာဝရတည်မြဲတဲ့ သစ္စာတရားတဲ့။

"ငါသာမင်းကို ထားသွားခဲ့ရင်ဘာလုပ်မှာလည်း
ဒီတိုင်း စတာနော်"

"သတ်မိမယ်ထင်တယ်"

အဲ့ကတည်းက ဂျယ်ယွန်းဆိုတဲ့ကောင်လေး သိခဲ့သင့်တာ။သူ့ရည်းစားက psychoဆိုတာ။

------------------------------------

2018ခုနှစ်

ဒီနှစ် anniversaryတွင် နှစ်ယောက်တူတူ ကုန်ဆုံးချင်ခဲ့သော်ညား ဂျယ်ယွန်းက Australia ကိုသွားခဲ့ရသည်။2လ3လလောက်နဲ့ ပြန်လာရမှာပေမယ့် ဂျယ်ယွန်းရဲ့မိဘတွေကိုတွေ့ရင်း၊မွေးရပ်မြေကို ခဏတဖြုတ်ပြန်ရင်း၊အထင်ကရနေရာများကိုသွားရင်းနှင့် 2နှစ်ပင်ကြာသွားသည်။အခြားအကြောင်းအရင်းတေလည်း ပါတာပေါ့လေ။

----------------------------------------

2020ခုနှစ်

ဂျယ်ယွန်းက ပြန်လာပြီးနောက်ပိုင်း အနေအေးနေသည်။ဆောင်းဟွန်းကိုလည်း ရှောင်နေသည်။သို့သော် ဒီနေ့တော့ ချိန်းတွေ့ဖို့ပြောလာသည်။ထို့ကြောင့် သေချာပြင်ဆင်ပြီး သွားစောင့်နေလိုက်သည်။မကြာခင်လာပါပြီ။တစ်ဦးတည်းသော ချစ်ရသူလေး..။

"ဆောင်းဟွန်းနား..လမ်းခွဲကြရအောင်"

"အကြောင်းအရင်းက?"

"ငါ့မှာ စေ့စပ်ထားတဲ့သူရှိတယ်
ခုက လာနှုတ်ဆက်တာ..ငါ့တို့ မင်္ဂလာပွဲကျ ဖိတ်လိုက်မယ်..။ဆင်ဆက်လာခဲ့နော်"

ထိုသို့ပြောပြီး ရက်စက်စွာ ထွက်သွားသော ချစ်ရသူ။

မျက်ရည်များအတားအဆီးမရှိ စီးဆင်းလာသည်။ယွန်းနီးကိုတော့မတားမိ။တဖြည်းဖြည်းနှင့် ရှိုက်ငိုလာသည်။ကြာလာတော့ မောသွားလို့ထင်ပါရဲ့။ဘေးနားကထိုင်ခုံတန်းလေးပေါ် ထိုင်ရက်သားကျသွားသည်။မျက်ရည်များကတော့ မရပ်တန့်သေး။

Behind You ‼️(completed) Where stories live. Discover now