Chapter. 12 .

366 59 5
                                        

ဒီနေ့မှာ ဆောနူနှင့် nikiတူတူနေလာသည်မှာ 5ရက်မြောက်နေ့။ယနေ့တွင် တစ်နှစ်တွင် တစ်ခါသာ ပြုလုပ်သော meeting ရှိသည်။ Mafiaများနှင့် killerများသာ တက်ရောက်ရသည့် meeting။

Niki နှင့်ဆောနူနှစ်ယောက်လုံး သွားရမည်ဖြစ်သည်။Meetingဆိုသော်လည်း တစ်ယောက်အကြောင်း တစ်ယောက်စုံစမ်းထားသမျှ ပြန်၍ဖောက်သည်ချခြင်းသာ။

ထိုကိစ္စများတွင်တော့ Jungwonကိုကြောက်ရသည်။စပ်စုတတ်ပြီး သတင်းစုံသော jungwon မှာ meetingတွင်ပေါ်ပျူလာဖြစ်နေသည်။

Nikiနှင့်ဆောနူ သတ်မှတ်ထားသော ဝတ်စုံကို ဝတ်လိုက်သည်။အနောက်တိုင်းဝတ်စုံကို all blackဝတ်ဆင်ထားပြီး မျက်နှာဖုံးပါ အုပ်လိုက်သောအခါ ဘယ်သူကဘယ်သူမှန်းပင် ခွဲ၍မရတော့။

ကားနှစ်စီးသည် အိမ်ကြီးမှ ပြိုင်တူထွက်ခွာသွားလေပြီ။အိမ်ကြီးကလည်း တောအုပ်အလယ်တွင် အထီးကျန်စွာ ကျန်ခဲ့ပြီ။





































{_______________________________}

ကားနှစ်စီးက ပင်လယ်ဘက်သို့မောင်းသွားသည်။သင်္ဘောတစ်စီးပေါ်သို့ စီးသွားလိုက်ပြီး ပါကင်ထိုးလိုက်သည်။မကြာခင်ပင် သင်္ဘောက ထွက်ခွာသွားလေပြီ။သင်္ဘောတစ်စီးတွင် လေးယောက်ပါမှသာ ထွက်ခွာလေ့ရှိသည်။Nikiနှင့်ဆောနူမှာ နောက်ကျဆုံးဖြစ်သောကြောင့် နှစ်ယောက်သာပါခြင်း။

မကြောခင်ပင် ကျွန်းတစ်ကျွန်းတွင် စိုက်ကပ်သွားလေပြီ။မိုးရာသီဖြစ်သောကြောင့် ကျွန်းမှာ စိုစွတ်ပြီး စိမ်းလန်းနေသည်။လေတစ်ချက်အဝှေ့တွင် ပါလာသော မြေသင်းနံ့လေးက သင်းပျံ့နေသည်။

ကားနှစ်စီးက သင်္ဘောပေါ်မှဆင်းပြီး ကျွန်းပေါ်သို့ မောင်းသွားလေသည်။လမ်းတစ်လျှောက်တွင် ကားဟူ၍ နှစ်စီးသာရှိသည်။Mafiaများနှင့် killerများ၏ ပိုင်နက်တွင် မည်သူမှမလာရဲ။

အဆောက်အအုံကြီးတစ်ခုရှေ့တွင် ရပ်လိုက်လေသည်။လေးထောင့်ပုံအဆောက်အဦးကြီးထဲကို ဝင်သွားလိုက်ကြသည်။လမ်းတစ်လျှောက် မီးလင်းနေပြီး အနက်ရောင် နံရံများနှင့် အနီရောင်မီးများသည် လိုက်ဖက်လှသည်။

Behind You ‼️(completed) Where stories live. Discover now