စီးပွားရေးရှင်တွေကိုလိုက်နှုတ်ဆက်နေရတာ jungwonသိပ်သဘောမကျ။ဟိုဝိုင်းသွားလိုက်ဒီဝိုင်းသွားလိုက်နဲ့ ရှုပ်ရှက်ကိုခတ်လို့။
မိတ်ဆက်ပေးသည့်"အသိညီလေး"ဆိုတဲ့ခေါင်းစဥ်ကို လုံးဝသဘောမကျနိုင်။သူကိုယ်တိုင်က ဖုံးကွယ်ထားဖို့တောင်းဆိုခဲ့တာပေမယ့် ဒီလိုကျတော့ နည်းနည်း...
"ဝန်းလေးဒီမှာခဏစောင့်နော်"
Partyက အိမ်တော်မှာလုပ်တာဖြစ်ပြီး တတိယထပ်တွင်ဖြစ်သည်။ကျယ်ပြန့်လှတဲ့ hallခန်းကြီးနှင့် အနောက်ဘက်က ကြီးမားလှတဲ့လှေကားကြီးနှစ်ခု။အလယ်မှာတော့ stageလိုဖြစ်နေပြီး mikeတစ်ခုထားထားသည်။ဘာလုပ်ဖို့လည်းဆိုတာတော့ jungwonလည်းမသိ။
ခုသူထိုင်နေတဲ့နေရာက stageနဲ့တည့်တည့်ဖြစ်ပြီး သီးခြားထွက်နေသည်။ဒီလူကြီးတစ်ခုခုလျှောက်စီစဥ်ထားတာလား?
ဝိုင်းတွေဘက်ကို ဘာရယ်မဟုတ် ပျင်းလို့ တစ်ချက်ဝေ့ကြည့်မိလိုက်တော့ ထောင့်စွန်းဝိုင်းက Ethan။တစ်နည်းနည်းအားဖြင့်Jake hyungရဲ့ငယ်ချစ်ဦးheeseung။သူတို့နှစ်ယောက်ဇာတ်လမ်းက တကယ်သနားစရာကောင်းသည်။နှစ်ဦးနှစ်ဖက်လုံးမေတ္တာမျှနေတုန်းက ခွဲခွာခဲ့ကြရပြီး ပြန်နီးစပ်တော့ကျ တစ်ယောက်က အခြားသူတစ်ယောက်ကို ဘဝထဲဆွဲခေါ်ထားပြီးပြီ..
အထူးသဖြင့်Ethanကို သနားမိသည်။နှစ်ဖက်စလုံးက နှစ်ခါရင်ကွဲရပေမယ့် မတူဖူးလေ။Ethanက မိသားစုဒဏ်ကိုလည်း ခံရသေးသည်။Jakeအမှုလိုက်ပြီး အမှုပိတ်သွားမှ မိသားစုရဲ့မှောင်ခိုလုပ်ငန်းတွေကို ဖော်ထုတ်ရင်း မေ့လိုပျောက်ညား အလုပ်ထဲအာရုံစိုက်ခဲ့သည်။
ရှယ်ယာဈေးတွေထိုးကျသွားတဲ့ Eddo Via groupက Ethanလက်လွှဲယူပြီးမကြာခင်မှာပင် တဟုန်ထိုးပြန်တိုးတက်လာသည်။
သူများအကြောင်းတွေချည်းတွေးနေတာ ခုကိုယ်ဘယ်ရောက်နေတာတောင်မေ့သွားပြီ။နေပါဦးဘာတွေးနေတာပါလိမ့်။
အော် မှတ်မိပြီ။
"Yarr!!!
Park Jungwon!ဘာတေတွေးနေလို့ ဒီလောက်ခေါ်နေတာတောင်မကြားတာလည်း!!"
"ကိုကို့အကြောင်းတွေးနေတာ"
ခင်ဆောဦးရီအက်ရှင်-😃🥴
YOU ARE READING
Behind You ‼️(completed)
Fanfictionငါ့မျက်နှာကို တည့်တည့်ကြည့် ငါ့မျက်လုံးတွေကို စိုက်ကြည့်ပြီး လှပတဲ့ အလိမ်အညာတွေပြော Idol imageထိခိုက်စေလိုခြင်းလုံးဝလုံးဝမရှိပါ။
