⚠⚠Warning⚠⚠
🚫If you're a soft Stan please skip. Idol image ထိခိုက်စေလိုခြင်း လုံးဝမရှိပါ!🚫
(အမှောင်မဟုတ်။သွေးထွက်သံယိုအခန်းများသာပါသည်။ရိုင်းသောစကားလုံးအနည်းငယ်ပါသည်){_______________________________}
ကြီးမားလှသော ဂိုထောင်ကြီးတစ်ခု။သွေးညှီနံ့များဖုံးလွှမ်းနေပြီး ခြောက်ကပ်အတည်းကျန်လှပါ၏။သို့သော်ဂိုထောင်ကြီး၏ ညာဘက်ထောင့်တွင် မကျဥ်းလွန်း မကျယ်လွန်းသော အနေတော်အခန်းလေး တစ်ခန်းရှိသည်။ထိုအခန်းလေး၏ အလယ်တွင် စားပွဲတစ်လုံးထားထားသည်။ထိုစားပွဲပေါ်တွင် fileများနှင့် စာရွက်စာတမ်းများ ပြည့်နှက်နေသည်။
နံရံပေါ်တွင် ပုံများနှင့် ကပ်ထားသည့် စာတိုလေးများဖြင့် ဖုံးနေသည်။ဆွဲထားသည့် မျဥ်းများနင့် ပုံများကိုသေချာကြည့်ပါက...
정민철 (30.6.2007) (오후 6시 30분)
Jung Min Chawl (30.6.2007) (ညနေ၆နာရီ၃၀မိနစ်)김수민 (2.7.2008)
Kim Su Min (2.7.2008)이영수 (24.6.2009)
Lee Young Su (24.6.2009)စသည်ဖြင့်2021ထိရှိလေသည်။ထိုစက်ကွင်းက နံရံတစ်ခုလုံးကို ဖုံးနေလေသည်။သေဆုံးချိန်များကို အတိအကျရေးထားသောကြောင့် ကိုယ်တိုင်သတ်ခဲ့သည့်သူများဖြစ်ကြောင်း သိသာသည်။သို့သော်ဆောနူလက်ချက်ဖြင့် သေသွားကြတာဆိုပါက သက်သေချန်ထားလျှင် ဆောနူသာဒုက္ခရောက်မည် မဟုတ်ပါလား?
ထိုသူများမှာ ဆောနူလက်ချက်ဖြင့် ထာဝရလဲလျောင်းသွားရသည့် အရေအတွက်၏ 100ပုံတစ်ပုံလောက်သာရှိသည်။ထိုစာရင်းတွင် တစ်နှစ်တွင်1ယောက်မှ 5ယောက်ထိသာ ပါသည်။
ထိုလူများမှာ ဆောနူအညိုးကြီးစွာဖြင့် 1လနီးပါး နှိပ်စက်ပြီးမှ ဇီဝိန်ခြွေလိုက်သည့် သူများဖြစ်သည်။
ဆောနူမှာ အကြောင်းအရင်းမဲ့ လူသတ်နေခြင်းမဟုတ်။သို့သော် အကြောင်းအရင်းများက အဲ့လောက်ထိ မရက်စက်သင့်ဟု အခြားသူများက ထင်ကြသည်။သူ့ပေါ် ကော်ဖီမှောက်ကျ၍,စသည့်အချက်များလောက်နှင့်တော့ ဆောနူက စိတ်မဆိုးတတ်ပါ။မလေးမစားဆက်ဆံခြင်း,လုပ်ငန်းခွင်တွင်ချောက်ချခြင်း,သူလုပ်ထားသည့် အရာများကို copyခြင်း,စသည့်ကိစ္စများဖြစ်ပါလျှင်သာ နောက်နေ့ခေါင်းပြတ်ခြင်း။
YOU ARE READING
Behind You ‼️(completed)
Fanficငါ့မျက်နှာကို တည့်တည့်ကြည့် ငါ့မျက်လုံးတွေကို စိုက်ကြည့်ပြီး လှပတဲ့ အလိမ်အညာတွေပြော Idol imageထိခိုက်စေလိုခြင်းလုံးဝလုံးဝမရှိပါ။