လိပ်စာကဒ်အတိုင်းဆိုရင်တော့ ဒီအိမ်ကြီးပင်။ကြောက်တတ်သူတွေဆို ထွက်ပြေးလောက်ပြီ။Parkအိမ်တော်အနောက်ဘက်က တောရဲ့အဆုံးမှာရှိတဲ့အိမ်ကြီးက ခု nikiတို့နေတဲ့ အိမ်ကြီးလောက်တော့မကြီး။သို့သော် အိမ်ကြီးမှာ အိုဟောင်းနေပြီး ခြောက်ခြားဖွယ်အသွင်ဆောင်နေသည်။မြက်ရိုင်းများလည်း ပေါက်ရောက်နေပြီး မနက်4နာရီဖြစ်တာကြောင့် မှောင်မိုက်နေ၏။အေးစိမ့်နေတဲ့ လေတစ်ချက်ဝှေ့တိုက်သွားတိုင်း ကြက်သီးထစရာကောင်းလှသည်။
Nikiက သရဲမကြောက်တတ်သောကြောင့် တော်သေးသည်ဟု ပြောရမည်။ဘေးအိမ်ကအကို J-hopeလိုသာကြောက်တတ်ရင်တော့ သွားပြီ။
အတွေးစတွေကို ဖျောက်ပြီး အိမ်ကြီးရဲ့ bellကိုတီးလိုက်သည်။Bellသံကိုပင် ကြောက်စရာရီသံကြီးထားထားတဲ့ အဲ့ကောင်ကကျပ်မပြည့်တာလား၊သရဲအရူးလွန်တာလားပဲ။
တစ်ခါတီးတာနဲ့ ထွက်မလာသေး။နောက်တစ်ခေါက်ထပ်တီးလိုက်တော့မှ အသံကို သေသေချာချာ ပြန်နားထောင်ကြည့်လိုက်တော့ sunghoonရဲ့ ဦးလေး jinရဲ့ရီသံကြီးနဲ့တောင် တူနေသလို။(ကွယ်ရာမှာအတင်းတုပ်နေတဲ့နီခီစံ😔✋)
ကျွီ....
"အမလေး sunoo hyungနဲ့ငါနဲ့ညား"
ဒီကောင်တံခါးဖွင့်လိုက်တော့ ရုတ်တရတ်လန့်သွား၍ ရောင်ပြီးထွက်သွားသည်။မော့ကြည့်လိုက်တော့ maskတပ်ထားလို့ မျက်နှာကိုမမြင်ရ။အထဲဝင်ရန် ထိုလူက မျက်ရိပ်ပြလိုက်တော့ ဟန်မပျက် တင်းမာသောမျက်နှာထားဖြင့် ဝင်လာလိုက်သည်။
အထဲရောက်တော့ မှောင်မည်းနေပြီး အလယ်ခေါင်တွင် မီးသီးသေးသေးလေးထွန်းထားသည်။ထိုကနေ အလင်းရောင်ကွက်ရနေတဲ့ နေရာကိုကြည့်လိုက်တော့
.
.
.
.
.
.
.
.
"SUNOO HYUNG!!!!!!"
အသက်မဲ့နေတဲ့ မျက်လုံးတွေနဲ့ ပြန်ကြည့်လာတဲ့ ဆောနူ hyungက ပိန်သွားပြီး ပါးဖောင်းဖောင်းလေးတွေလည်း ချောင်ကျသွားသည်။သူ့မျက်ဝန်းတွေက အရင်လိုမဟုတ်ဘဲ အသက်မဲ့နေသည်။ဒီအတောအတွင်း ဘာဖြစ်သွားတာလည်း?ဘာလို့ပြောင်းလဲသွားတာလည်း?
"Hyung..သူက ဘာမှမကျွေးဘူးလား
ချောင်ကျသွားလိုက်တာ"
"တစ်ပတ်ကို ဆန်ပြုတ်တစ်ခါတိုက်တယ်"
YOU ARE READING
Behind You ‼️(completed)
Fanfictionငါ့မျက်နှာကို တည့်တည့်ကြည့် ငါ့မျက်လုံးတွေကို စိုက်ကြည့်ပြီး လှပတဲ့ အလိမ်အညာတွေပြော Idol imageထိခိုက်စေလိုခြင်းလုံးဝလုံးဝမရှိပါ။
