ပြီးသွားတဲ့ သံသရာက တစ်ဖန်ပြန်လည်လာပြန်ပြီ။ပထမ roundမှာ ဗီလိန်ကရှုံးသွားပေမယ့် ဇာတ်လိုက်တွေလည်း မပေါင်းခဲ့ရဘူး။ဒီတစ်ခေါက်မှာရော?
{_______________________________}
USAတွင်ဖြစ်သည်။15.6.2024အချိန်အားဖြင့် နံနက်8နာရီ။
USAရှိMain Parkအိမ်တော်ကြီးတွင်..။Jayမှာ အလုပ်သွားရန် အနက်ရောင် suitတစ်စုံကိုဝတ်ဆင်ထားသည်။ဆံပင်ကို ပုံစံကျအောင်ပြန်ပြင်လိုက်ပြီး တန်ဖိုးကြီးနာရီကြီးကို ဝတ်ဆင်လိုက်သည်။
နာရီကနေ အချိန်ကြည့်လိုက်ပြီး တည်တည်တံ့တံ့နှင့် နှုတ်ခမ်းနှစ်လွှာက အနည်းငယ်ကွေးတက်သွားသည်။အိပ်ပုပ်လေးကို နှိုးရဦးမည်။
ထိုအချိန် အိမ်တော်ထိန်း Mr. Jason ကို တွေ့လိုက်သောကြောင့် လှမ်းခေါ်လိုက်သည်။
"ဝန်းငယ်ကို နှိုးလိုက်ဦး"
"သခင်ကြီးက သွားတော့မှာလားဗျ"
"ဒီနေ့ meeting ရှိလို့..ပြီးတော့ နေ့လည်ကျရင် ယောက်ဖလာမှာ သွားကြိုရမှာမို့ ဝန်းငယ်ကို ကျောင်းတစ်ဝက်ခွင့်ယူပေးထား"
"ဟုတ်ကဲ့ပါ သခင်ကြီး"
Jayတစ်ယောက် မနက်စာမစားဘဲ တန်းသွားလိုက်သည်။ဝန်းငယ်ကတော့ နိုးလာရင် ကိုယ်မရှိတော့လို့ စိတ်ကောက်နေတော့မည်..။
{_______________________________}
"ဘာ!!companyကိုထွက်သွားပြီ!!
ဟွန့်..ဒီလူကြီးကို 1ပတ်လောက် စကားမပြောဘဲ နေလိုက်ဦးမယ်"အိမ်တော်ထိန်း Mr. Jasonကတော့ ရယ်ချင်နေတာကို ထိန်းထားရသဖြင့် ပြုံးစိစိဖြစ်နေသည်။သူက အိမ်တော်ထိန်းလား အတွဲမပျက်အောင်ထိန်းရတဲ့သူလားပင် မသဲကွဲတော့။ခဏခဏစိတ်ကောက်တတ်တဲ့ သခင်လေးနဲ့ အလုပ်ပိနေတဲ့သခင်ကြီးကြားမှာ နေ့တိုင်းသံသယာလည်နေရသည်။ပြန်တည့်သွားရင်လည်း သူတို့မဟုတ်သည့်အတိုင်း roပြနေတာကို မတွေ့ချင်ဘဲနှင့် တွေ့နေရသည်။
"8ခွဲကျဆင်းခဲ့မယ် အကိုကြီး"
"ဟုတ်ကဲ့ပါသခင်လေး"
YOU ARE READING
Behind You ‼️(completed)
Fanfictionငါ့မျက်နှာကို တည့်တည့်ကြည့် ငါ့မျက်လုံးတွေကို စိုက်ကြည့်ပြီး လှပတဲ့ အလိမ်အညာတွေပြော Idol imageထိခိုက်စေလိုခြင်းလုံးဝလုံးဝမရှိပါ။