Chapter. 13 .

339 55 4
                                        

Meetingမှပြန်လာတော့ hyungကမျက်နှာမကောင်း။Nikiနဲ့မလိုက်ဘဲ ထူးထူးခြားခြား မိမိနှင့် လိုက်လာသည်။သင်္ဘောပေါ်တွင်လည်း ဝီစကီသာ ထိုင်သောက်နေပြီး ကြည့်ရသည်မှာ အချစ်နာကျနေသလို။

မိဘတွေမသိအောင် ဝယ်ထားတဲ့ hyungရဲ့ကွန်ဒိုဆီကို သူကပဲ တွဲပြီးပို့ပေးလိုက်ရသည်။ဝီစကီအနံ့ကလည်း နံဟောင်နေသည်။သင်္ဘောပေါ်တုန်းက ဘယ်လောက်တောင် သောက်နေလည်းမသိ။ဧည့်ခန်းက ဆိုဖာပေါ် ချပေးလိုက်ပြီး တစ်စုံတစ်ခုကို သတိရမိသောကြောင့် တိတ်တခိုးရယ်မိသည်။

မိမိ jay hyungဆီက ပထမဆုံးအကြိမ် အငြင်းခံရတုန်းကလည်း အချစ်နာကျပြီး အသက်မပြည့်သေးဘဲ တစ်ညလုံး ဘားမှာသောက်နေတုန်းက hyung ကပဲ သူ့ကွန်ဒိုကို ပြန်ပို့ပေးခဲ့ရသည် မဟုတ်ပါလား။

မိမိကွန်ဒိုနှင့် hyungရဲ့ကွန်ဒိုမှာ မျက်နှာချင်းဆိုင်ဖြစ်သည်။မိဘတွေမသိအောင် ခိုးဝယ်ထားတာဖြစ်ပြီး တစ်ခုခုဆို ဒီကွန်ဒိုမှာသာ လုပ်ဖြစ်သည်။ဥပမာ သူငယ်ချင်းတွေနဲ့ ပါတီလုပ်ရင်ဖြစ်ဖြစ်၊ဘားကနေမူးလောရင်လည်း ဒီမှာသာ နေဖြစ်သည်။မိဘတွေသိသွားလျှင် ပြဿနာတက်လိမ့်မည်။

"Jungwon..."
"မင်းဒီနေ့ သွားစရာရှိလား"

"ဒါပေါ့ ကျောင်းလစ်ပြီး jay hyung ကိုသွားချောင်းမလို့"

"မင်းခုထိ လက်မလွှတ်သေးဘူးလား!!
$မှတ်မရှိဘူးပြောလည်း မကြိုက်ဘူး"

"နေပါဦး အဲ့$မှတ်မရှိတာက ဘယ်သူ့ဆီက ကူးသွားတာမို့လို့လည်း"
"Hyungကျ nikiကို ခုထိကြိုက်နေတုန်းမဟုတ်ဘူးလား"

ဆောနူလည်း သူ့အပြစ်နဲ့ သူမို့ဘာမှမပြောနိုင်တော့။အတုမြင် အတတ်သင်ဆိုတာ Kim Jungwonမှ Kim Jungwonအစစ်။

"လိုက်မှာလား မလိုက်ဘူးလား"

"လိုက်မယ်"

"ဒါဆို ရေချိုးပြီးအင်္ကျီသွားလဲလိုက်ဦး
အချစ်နာကျနေတာ ကျွန်တော့်ထက်တောင်ဆိုးတယ်"

"Yarrr!!"







































{_______________________________}

Jungwonကတော့ Parkအိမ်တော်ရောက်တော့ ဘယ်ပျောက်သွားလည်းမသိ။မိမိတစ်ယောက်တည်း jungwonကို မေတ္တာပို့နေလေသည်။မကြာခင် မင်ဟိုနဲ့ သူ့ညီ Sunghoonထွက်လာလေသည်။

Behind You ‼️(completed) Where stories live. Discover now