Chapter . 9 . not yet

463 73 2
                                        

4am

စံအိမ်ကြီးထဲ ပြိုင်တူဝင်လာတဲ့ ကောင်လေးနှစ်ယောက်က တိုင်ပင်ထားတာ မဟုတ်ပေမယ့် အချိန်တူနေလေသည်။နှစ်ယောက်လုံးအင်္ကျီမှာလည်း သွေးများနှင့်..။သူတို့ကိုယ်မှ ထွက်သောသွေးမဟုတ်သော်လည်း နည်းနည်းမှ မတုန်လှုပ်တာ အခြားလူများအတွက်တော့ ထူးဆန်းနေပေလိမ့်မည်။သို့သော် သူတို့အတွက်မူ နေ့စဥ်မြင်နေရသည့် မြင်ကွင်းတစ်ခုပင်..။

"ဒါဆို hyung က ဒီမှာနေနေတာပေါ့"

"Nikiက သဘောကောင်းသားပဲ"

ဆောနူဘာမှပြန်မပြောဖြစ်။ကိုယ့်ဘာသာ အတွေးနယ်ချဲ့နေလေသည်။

"Hyungဒီလ နည်းနည်းငြိမ်နေတယ်နော်"

"ကျွန်တော်ဆို Jay hyung ကိုလည်း လိုက်ရသေးတယ် ကျောင်းလည်း တက်ရသေးတယ်"

"ငါလည်း ကုမ္ပဏီအလုပ်တွေ လုပ်ရတယ်လေ!"

"..."

"မင်းကျောင်းလည်း သွားရဦးမှာလေ"

"ခုပြန်တော့ ငါလည်း အဝတ်လဲရဦးမှာ"

"အရမ်းတွေကို နှင်လွှတ်နေတာပဲ"

"ကျွန်တော်သွားပြီ hyung nikiနဲ့ကောင်းကောင်း date"

"ရားးး!🙂"

မိမိအား လျှာထုတ်ပြပြီး အနီရောင်ကားလေးနဲ့ ထွက်သွားတဲ့ မိမိညီလေး ယန်ဂျောင်ဝန်း..။သက်ပြင်းသာချပြီး အိမ်ထဲသို့ဝင်လာခဲ့သည်။

Nikiမထသေး၍သာ တော်တော့သည်။ယနေ့ လဲရန်အဝတ် ယူမသွားမိသောကြောင့် သွေးပေနေတဲ့အဝတ်အတိုင်း 1နာရီလောက်နေနေရသည်။သွေးနံ့တွေ စွဲနေပြီမို့  ရေချိုးရန်ပြင်လိုက်လေသည်။အင်္ကျီကို ချွတ်လိုက်ပြီးနောက် လက်မှဒဏ်ရာအား ကြည့်ရင်းရေရွတ်မိသည်။

"ဘယ်လိုရုန်းရုန်း သေမှာပဲကို အလကားသက်သက် ငါ့ကိုဒဏ်ရာရအောင် လုပ်တာ အဲ့ကောင် မိမဆုံးမဖမဆုံးမ"

ယနေ့ အလှည့်ကျတဲ့ ကောင်လေးက သူ့လက်မောင်းကို ကိုက်လိုက်ခြင်း..။လက်ဖြူဖြူနုနုလေးပေါ်မှာ သွားရာတွေက နီရဲပြီး ထင်းနေလေသည်..။ဒီနေ့တော့ လက်ရှည်ပဲ ဝတ်သွားဖို့ ဆုံးဖြတ်လိုက်တော့သည်။ပေါ့ပေါ့ပါးပါး shirtအပြာရောင်လေးနှင့် jeans သာဝတ်လိုက်သည်..။

Behind You ‼️(completed) Where stories live. Discover now