Part - {9}

1.1K 186 15
                                    

ဟဟျွန်ဆိုးက ကျွန်တော့်ကို လာဖက်ဖို့ ပြင်လိုက်ပေမဲ့ သူ့အနောက်ဖက်က အသံတစ်သံနဲ့ တားဆီးခံလိုက်ရတယ်။ ဟဟျွန်ဆိုးရဲ့ မျက်လုံးကြည်ကြည်တောက်တောက်လေးက ဝမ်းနည်းရိပ်သန်းသွားတယ်။

"မမ"

"မင်းအဲ့လို လုပ်မရဘူးလေ။ တောင်းပန်ပါတယ် သခင်"

ဟျွန်ဆိုးရဲ့အမ၊ ဟအွန်ဆိုးက တုန်တုန်ယင်ယင်နဲ့ ဟျွန်ဆိုးက ပွေ့ဖက်ထားတယ်။ သူမက အားနည်းပြီး ကြောက်တတ်လိမ့်မယ်။ ဒါပေမဲ့လည်း ရဲရင့်သေးတယ်။

ကျွန်တော် ဘာလုပ်ရမလဲ?

ဟအွန်ဆိုးက ဟဟျွန်ဆိုးကို ကျွန်တော့်ဆီကနေ အတင်းကာကွယ်နေတာ။ သူမက ကြောက်လန့်တုန်လှုပ်နေပြီး ကျွန်တော့်အကြည့်တွေကိုတောင် ရှောင်နေတယ်။

"ဘာမှ မဖြစ်ပါဘူး။ မင်းအမှား လုပ်ထားတာမှ မရှိတာ ခွင့်လွှတ်ပေးဖို့ တောင်းဆိုစရာ မလိုပါဘူး။"

"..."

"နောက်မှ တွေ့မယ် ဟျွန်ဆိုး"

"...ဟုတ်ကဲ့ ကိုကို"

ဟဟျွန်ဆိုးက ပြန်မဖြေခင်အထိ သူ့အမကို ငေးကြည့်နေတယ်။ ကျွန်တော် သူတို့နှစ်ယောက်ကို ကျော်သွားပြီး အပြင်ထွက်လိုက်တော့ သပ်ရပ်နေတဲ့ ပန်းခြံလေး တွေ့လိုက်ရတယ်။

ဒီအိမ်တော်က တော်တော်ကြီးတာပဲ။

တစ်ထပ်ကို ၅၀၀ဖျောင်း*လောက် ကျယ်တယ်။ အထပ်က ၄ထပ်တောင် ရှိတာ... တစ်ယောက်ထဲနေဖို့ဆို အရမ်းကြီးတယ်။ ဂီယွန်းဂျယ်က အခု နိုင်ငံခြားရောက်နေတဲ့ အဖေနဲ့ နေတယ်ဆိုပေမဲ့... အရမ်းကြီးတုန်းပဲ။
(Note : ဖျောင်းက ကိုးရီးယားရဲ့ ဧရိယာအတိုင်းအတာဖြစ်ပြီး ကိုးရီးယား 'ပေ'အတိုင်းအတာနဲ့ဆို 36စတုရန်းပေ ရှိပါတယ်။ 1ဖျောင်းက ပျမ်းမျှ 3.31စတုရန်းမီတာ ဒါမှမဟုတ် 35.58စတုရန်းပေ ရှိပါတယ်။)

သူ့အဖေပဲလား? သူ့အမေကော?

ဟုတ်သားပဲ ဂီယွန်းဂျယ်မှာ အခြားမိသားစုဝင် ရှိသေးလားမသိ? ကျွန်တော် သူ့မှတ်ဉာဏ်ထဲ ဝင်ရှာကြည့်ပေမဲ့ ဘာမှ မထွက်လာဘူး။ ထူးဆန်းတယ် ကျွန်တော် စဉ်းစားကြည့်လေလေ ခေါင်းမူးလာလေလေပဲ။

လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Unicode)Место, где живут истории. Откройте их для себя